DVB Logo
Home
မြန်မာသတင်း
ဘကကျောင်း ရန်ပုံငွေ စတိတ်ရှိုး ရန်ကုန်တွင် ကျင်းပမည်
DVB
·
September 17, 2014
ဘကကျောင်း ရန်ပုံငွေ စတိတ်ရှိုး ရန်ကုန်တွင် ကျင်းပမည်
Donate to DVB

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ဘက) ရန်ပုံငွေအတွက် အခုလ ၂၁ ရက်နေ့ကျရင် ရန်ကုန်မှာ ဂီတဖျော်ဖြေပွဲတစ်ခုကျင်းပမှာဖြစ်ပြီး ရင်ဂိုအပါအ၀င် နာမည်ကြီးအဆိုတော်တွေ ပါဝင်ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

ငိုနေသူမျက်ရည်တိတ်စေဖို့ ကြင်နာသူလက်တစုံ ကမ်းလင့်စို့ ဆိုတဲ့ တေးဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်မှာ ရှိတဲ့ ဂန္ဓာမာ ဟိုးဆေးမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ဒီကရရှိတဲ့ ရန်ပုံငွေနဲ့ မိဘမဲ့ ကလေးငယ်တွေကို ပြုစုစောင့်ရှောက်ဖို့နဲ့ သူတို့အတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေ ပေးနိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်။

BaKa Schoolဒီဖျော်ဖြေပွဲပြုလုပ်မယ့် ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အဖြူရောင်သုခအလင်းပရဟိတ အဖွဲ့ရဲ့ ဦးဆောင်ဆရာတော် ဦးကေသရက အခုလို မိန့်ကြားပါတယ်။

“ရည်ရွယ်ချက်လေးက ရန်ပုံငွေ show ပွဲလေးပြုလုပ်မှာဖြစ်ပါတယ်။ ဒီရန်ပုံငွေ show ပွဲလေးက ရရှိလာတဲ့အလှူငွေတွေကို ဦးဇင်းတို့ကို အကူအညီတောင်းထားတဲ့ ဘုန်းကြီးကျောင်းတိုက်တွေ။ ဘကကျောင်းတွေကို လှူမှာဖြစ်ပါတယ်။”

ရန်ပုံငွေပွဲကို ဂရမ်မာဟိုးဆေးမှာ နေ့ခင်း ၁၁ နာရီကနေ ည ၆ နာရီခွဲထိ ကျင်းပဖို့ စီစဉ်ထားပါတယ်။ အဆိုတော်တွေကတော့ ရင်ဂို။ ဗီနိုထွန်း၊ ဝေလ၊ ဖြိုးကျော်ထိုက်၊ တာတီးလူ၊ ငဲ့ငယ်၊ မိုးထက်ပိုင်၊ အိုင်ဗန်။ ငယ်ငယ်၊ လိမ်မော်သီး၊ အိစက်ညက်ညော စတာတွေအပါအ၀င် အဆိုတော် အမြောက်အမြားဖျော်ဖြေဖို့ စီစဉ်ထားပါတယ်။

ဒီပွဲကို လာရောက်အားပေးဖို့ကိုလည်း ပွဲမှာ ပါဝင်သီဆိုမယ့် အဆိုတော် ညလင်းထက်နဲ့ အဆိုတော် ငဲငယ်တို့ကလည်း အခုလို ဖိတ်ခေါ်ခဲ့ပါတယ်။

အဆိုတော် ညလင်းထက်က “ကျနော်က ညလင်းထက်ပါ အဖြူရောင်သုခအလင်းပရဟိတက လုပ်တဲ့ ဖျော်ဖြေပွဲလေးကို လာခဲ့ကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ”လို့ ဆိုပါတယ်။

အဆိုတော် ငဲငယ်က “လိုအပ်နေတဲ့သူတွေကို ကူညီိတဲ့နေရာမှာ တတပ်တအားအနေနဲ့ ကျနော်တို့ အနုပညာသမားတွေက ပါဝင်ပြီးတော့ ကူညီခွင့်ရတာ ကျနော်တို့ ကျေးဇူးတင်တယ်။ ပရိတ်သတ်တွေလည်း ဒီလိုမျိုး အလှူဒါနတွေနဲ့ပတ်သက်ပြီးတော့ ပါဝင်နိုင်မယ်ဆိုရင်တော့ ပျော်ရွှင်စရာကောင်းတဲ့ ကိစ္စလေးတွေဖြစ်မှာပါ။ လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ဗျ” လို့ ပြောပါတယ်။

သာသနာရေးဝန်ကြီးဌာနစာရင်းအရ နိုင်ငံတ၀န်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စုစုပေါင်း ၁၅၇၉ကျောင်းရှိပြီး မူလတန်းအဆင့် ၁၁၃၆ ကျောင်း၊ မူလွန်ကျောင်း ၃၂၉ ကျောင်း၊ အလယ်တန်းကျောင်း ၁၁၂ ကျောင်း၊ အထက်တန်း ကျောင်း ၂ကျောင်းရှိတယ်လို့ သိရပါတယ်။ ၂၀၁၃-၁၄ ပညာသင်နှစ်မှာ အစိုးရက ပထမဆုံးအကြိမ်အဖြစ် ဘကကျောင်းတွေက ဆရာဆရာမတွေ လစာထောက်ပံ့နိုင်အောင် ကျပ်ငွေ သန်း ၃၀၀၀ ထောင်ချပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013