DVB Logo
Home
Lead Story
တာဝါတိုင် စိုက်ထူရေး အဓိက အတားအဆီးဖြစ်ဟု တယ်လီနော ပြော
DVB
·
September 17, 2014
တာဝါတိုင် စိုက်ထူရေး အဓိက အတားအဆီးဖြစ်ဟု တယ်လီနော ပြော
Donate to DVB

Phone Towerမြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ရတာဟာ အခွင့်အလမ်းတွေနဲ့ စိန်ခေါ်မှုတွေပါ ရှိနေပြီး အဓိက အတားအဆီး အခက်အခဲကတော့ တာဝါတိုင် စိုက်ထူရေးပဲ ဖြစ်တယ်လို့ တယ်လီနော မြန်မာရဲ့ အမှုဆောင် အရာရှိချုပ် ပီတာ ဖာ့ဘတ်ဂ် (Peter Furberg) က ပြောပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ Myanmar connect 2014 မှာ သူက ခုလို ပြောလိုက်တာပါ။

ဆက်သွယ်ရေး အော်ပရေတာ ၄ ခုစလုံးရဲ့ တာဝန်ရှိသူတွေ တက်ရောက်တဲ့ အဲဒီပွဲမှာ တယ်လီနော့အနေနဲ့ ပြည်ပက တာဝါတိုင်ထူတဲ့ ကုမ္ပဏီတွေကို ဆပ်ကန်ထရိုက်ပေးပြီး လုပ်ငန်းတွေ အကောင်အထည် ဖော်ခဲ့ပေမယ့်လည်း မှန်းထားသလောက် ပြီးမြောက်ခြင်း မရှိဘူးလို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီဟာ ပြည်တွင်းမှာ မိုဘိုင်းဖုန်း ကွန်ရက် တည်ဆောက်ဖို့ တာဝါတိုင် စိုက်ထူရာမှာ အခက်အခဲတွေ ကြုံနေရပြီး မြေပိုင်ဆိုင် အသုံးပြုမှု ပြဿ နာနဲ့ အစိုးရ အရာရှိတွေရဲ့ ကြိုးနီစနစ် ကျင့်သုံးမှုတွေကြောင့် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013