DVB Logo
Home
Lead Story
တရုတ်၏ ပင်လယ်ရေကြောင်း ပိုးလမ်းမ စီမံကိန်းကို မြန်မာ ထောက်ခံ
DVB
·
September 17, 2014
တရုတ်၏ ပင်လယ်ရေကြောင်း ပိုးလမ်းမ စီမံကိန်းကို မြန်မာ ထောက်ခံ
Donate to DVB

တရုတ်နိုင်ငံရဲ့ ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး တည်ဆောက်ရေး အဆိုပြုချက်ကို မြန်မာနိုင်ငံအနေနဲ့ ထောက်ခံတဲ့အကြောင်း ဒုသမ္မတ ဦးဥာဏ်ထွန်းက ပြောပါတယ်။

[caption id="attachment_29214" align="alignright" width="300"]ဒုသမ္မတ ဦးဉာဏ်ထွန်း ဒုသမ္မတ ဦးဉာဏ်ထွန်း[/caption]စက်တင်ဘာ ၁၆ ရက်နေ့က တရုတ်နိုင်ငံ နန်နင်းမြို့မှာ ကျင်းပတဲ့ တရုတ်- အာဆီယံ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲ အခမ်းအနားမှာ ဒုသမ္မတက အဲလို ပြောဆိုလိုက်တာပါ။

တရုတ်ပြည်ရဲ့ အဲဒီ အဆိုပြုချက်ဟာ အာဆီယံနိုင်ငံတွေအနေနဲ့ ဒေသတွင်း ပေါင်းစည်းဆက်သွယ်မှုကို ဦးစားပေး ရည်မှန်းချက်ထား အကောင်အထည် ဖော်နေတဲ့ အချိန်နဲ့ ကိုက်ညီတဲ့အတွက်လည်း အထူးသင့်လျော်မှုရှိတယ်လို့ သူက ဆိုပါတယ်။

တရုတ်နိုင်ငံဟာ ရှေးယခင်က ကုန်းတွင်းလမ်းတွေကို အသုံးပြုပြီး သူနိုင်ငံရဲ့ အနောက်ဘက် အာရှနိုင်ငံတွေကို ပိုးလမ်းမကြီးနဲ့ ဆက်သွယ် ကုန်ကူးခဲ့သလို အခု ခေတ်သစ်မှာ ပင်လယ်ရေကြောင်း ပိုးလမ်းမကြီးနဲ့ စီးပွားရေးရပ်ဝန်းတွေ တည်ဆောက်ပြီး ကုန်သွယ်မှုကွန်ရက် တည်ဆောက်ဖို့ ရည်မှန်း အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013