DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် လုပ်ခ ဘတ် ၄၀၀ တိုးမြှင့်မည့်အစီအစဉ်ကို လုပ်ငန်းရှင်များ ကန့်ကွက်
DVB
·
May 13, 2024
ထိုင်းတွင် လုပ်ခ ဘတ် ၄၀၀ တိုးမြှင့်မည့်အစီအစဉ်ကို လုပ်ငန်းရှင်များ ကန့်ကွက်
Donate to DVB

ထိုင်းနိုင်ငံတဝန်း အနိမ့်ဆုံးလုပ်အားခကို တရက် ဘတ် ၄၀၀ အထိ တိုးမြှင့်မယ့် အစိုးရရဲ့ အစီအမံကို လူများစုက သဘောတူခဲ့ပေမဲ့ မျှော်လင့်ထားတဲ့အတိုင်း တကယ်ဖြစ်လာမလား ဆိုတာ သံသယရှိနေကြတယ်လို့ အမျိုးသားဖွံ့ဖြိုးမှု စီမံခန့်ခွဲရေးတက္ကသိုလ် နီဒါကလုပ်တဲ့ ထင်မြင်ချက် စစ်တမ်းကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

မေ ၃ ရက်ကနေ ၇ ရက်အတွင်း အသက် ၁၈ နှစ်အရွယ် လူအယောက် ၁,၃၁၀ ကို စစ်တမ်းကောက်ယူခဲ့အပြီး ရလဒ်တွေအရ နေ့စဉ် အနိမ့်ဆုံး တရက်လုပ်အားခ တိုးတာကို ဖြေဆိုသူ ၈၂ ဒသမ ၈၉ ရာခိုင်နှုန်းက လိုလားခဲ့ကြပါတယ်။

ဖြေဆိုသူ ၄၄ ဒသမ ၅ ရာခိုင်နှုန်းကတော့ အောက်တိုဘာ ၁ ရက်က စတင်သက်ရောက်မယ့် အနိမ့်ဆုံးလုပ်အားခ တရက် ဘတ် ၄၀၀ အဆင့်ကို တနိုင်ငံလုံးမှာ တဖြည်းဖြည်းတိုးသွားဖို့ လိုလားခဲ့တာပါ။

ဖြေဆိုသူ ၂၅ ဒသမ ၃၄ ရာခိုင်နှုန်းကတော့ အောက်တိုဘာ ၁ ရက်ထိ မစောင့်ဘဲ တပြည်လုံးမှာ ချက်ချင်း အကောင်အထည်ဖော်စေချင်နေပါတယ်။

အရင်လလယ်ကစပြီး ထိုင်းနိုင်ငံရဲ့ ပြည်နယ် ၁၀ ခုက တချို့နေရာတွေမှာ တရက် အနိမ့်ဆုံး လုပ်အားခ ဘတ် ၄၀၀ တိုးမြှင့်ပေးခဲ့တာပါ။

အောက်တိုဘာ ၁ ရက်ကစပြီး အသက်ဝင်မယ့် ဒီအစီအစဉ်ကို အစိုးရက ဒီလအစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ လုပ်ငန်းရှင်များအသင်း ၇၆ သင်းနဲ့ ကုန်သည်ကြီးများအသင်း ၅၄ သင်းတို့က အစိုးရရဲ့ အစီအစဉ်ကို ပူးတွဲဆန့်ကျင်ခဲ့ကြပါတယ်။

ထိုင်းလုပ်သားတွေရဲ့ ဘဝအရည်အသွေး တိုးမြှင့်ဖို့ လုပ်အားခတွေကို ချိန်ညှိုရေး အစိုးရရဲ့ မူဝါဒကို သူတို့ နားလည်ပါတယ်လို့ ပုဂ္ဂလိက လုပ်ငန်းရှင်အဖွဲ့ဝင်တွေနဲ့အတူ ထိုင်း ကုန်သွယ်စက်မှုအသင်းချုပ်က ပြောပါတယ်။

ဒါပေမဲ့ ဒီလုပ်ရပ်ဟာ ထိုင်းစီးပွားရေးနဲ့ ပြိုင်ဆိုင်မှုအပေါ်ကို သက်ရောက်မှာဖြစ်လို့ သူတို့ သဘောမတူဘူးလို့ ပြောပါတယ်။

ကုန်စည်ပို့ဆောင်သူများကောင်စီကလည်း လုပ်ခတိုးတာဟာ ငွေကြေးဖောင်းပွအောင် လှုံ့ဆော်လိမ့်မယ်လို့ ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆေထာ ထဝီးဆင်ကတော့ လူနေမှုစရိတ် သက်သာစေရေး ကူညီဖို့ အစိုးရဟာ ဒီဇယ်စျေးကို တလီတာ ၃၃ ဘတ်မှာ ထိန်းထားပေးပြီး လျှပ်စစ်ဓာတ်အားခတွေကို လျှော့ချပေးမယ်၊ ဓာတ်ငွေ့စျေးနှုန်းတချို့ကိုလည်း ထိန်းချုပ်ပေးမယ်လို့ ပြောခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013