DVB Logo
Home
နိုင်ငံတကာ
အီရန်တွင် နျူးကလီးယားဗုံး ရှိနေပြီဟု လွှတ်တော်အမတ်ပြော
DVB
·
May 13, 2024
အီရန်တွင် နျူးကလီးယားဗုံး ရှိနေပြီဟု လွှတ်တော်အမတ်ပြော
Donate to DVB

အီရန်လွှတ်တော်အမတ်တဦးဟာ သူတို့နိုင်ငံမှာ နျူးကလီးယားဗုံးလက်နက် ရှိနေပြီလို့ ကြေညာခဲ့ကြောင်း Fox News သတင်းဌာနက ဖော်ပြပါတယ်။

အီရန်မှာ နျူးကလီးယားဗုံး အမြောက်အမြား ထုတ်လုပ်နိုင်ဖို့ လုံလောက်တဲ့ ယူရေနီယမ် ပမာဏ ရှိနေပြီလို့ ကုလသမဂ္ဂ နျူးကလီးယားစောင့်ကြည့်အဖွဲ့ အကြီးအကဲက သတိပေးခဲ့အပြီးမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်အမတ် အာမက်ဘက်ရှေယက်ရှ် အာဒက်စတာနီက “ကျနော့်အမြင်အရ ပြောရရင် ကျနော်တို့က နျူးကလီးယားလက်နက် ရပြီးပြီ၊ မကြေညာသေးတာပဲရှိတယ်။ ကျနော်တို့မူဝါဒက နျူးကလီးယားဗုံး ပိုင်ဆိုင်ဖို့ပဲ။ ဒါပေမဲ့ ကြေညာထားတဲ့ မူအရတော့ လက်ရှိမှာ JCPOA မူဘောင်ထဲက သွားနေရတာပေါ့” လို့ အီရန်သတင်းဌာန Royydad-24 ကို ပြောကြားခဲ့ပါတယ်။

JCPOA ဆိုတာ အီရန်နဲ့ အင်အားကြီးနိုင်ငံတွေအကြား နျူးကလီးယား သဘောတူညီချက်ဖြစ်တဲ့ Joint Comprehensive Plan of Action ရဲ့ အတိုကောက်ဖြစ်ပါတယ်။ အဲဒီသဘောတူညီချက်အရ အီရန်ဟာ နျူးကလီးယားကို စွမ်းအင်အတွက်ပဲ လုပ်ဆောင်ရမှာ ဖြစ်ပြီး လက်နက်ထုတ်တဲ့လမ်းကြောင်းကို သွားလို့မရပါဘူး။

ဒါပေမဲ့ ဒီသဘောတူညီချက်ဟာ အီရန်ရဲ့ နျူလက်နက်ထုတ်လုပ်ရေး ဆောင်ရွက်ချက်တွေကို ဟန့်တားနိုင်စွမ်းမရှိဘူး ဆိုပြီးတော့ သမ္မတ ဒေါ်နယ်ထရမ့်ပ် လက်ထက်မှာ အမေရိကန်က သဘောတူညီချက်က နုတ်ထွက်ခဲ့ပါတယ်။

လွှတ်တော်အမတ် အာဒက်စတာနီက “အကြောင်းပြချက်ကတော့ဗျာ၊ နိုင်ငံတွေက တခြားနိုင်ငံတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ချင်ရင် စွမ်းရည်ချင်းယှဉ်နိုင်ရမယ်လေ။ အီရန်က အမေရိကန်တို့ အစ္စရေးတို့နဲ့ ယှဉ်လာတာကြည့်ရင် နျူးကလီးယားလက်နက် ရှိလို့ပေါ့” လို့ သုံးသပ်ခဲ့ပါတယ်။

အာဒက်စတာနီက အဲဒီလိုမကြေညာခင် နှစ်ရက်အလိုမှာ အီရန်မှာ နျူးကလီးယားဗုံး ထုတ်နိုင်စွမ်းရှိပြီ၊ ဗုံးထုတ်ဖို့ ဆုံးဖြတ်ချက် မချသေးတာဘဲ ရှိတယ်လို့ အီရန်နိုင်ငံခြားရေး ဆက်ဆံရေး မဟာဗျူဟာကောင်စီ ဥက္ကဋ္ဌ ကမဲလ် ခါရာဇီကလည်း ပြောထားပါတယ်။

အီရန်အကျိုးစီးပွားတွေ ခြိမ်းခြောက်ခံလာရရင် ဒီအယူအဆ ပြောင်းသွားနိုင်တယ်လို့လည်း ခါရာဇီက ပြောထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013