DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှား၊ တရုတ်နှင့်  ဩစတြေးလျတွင် ရေကြီး မြေပြို 
DVB
·
May 13, 2024
အင်ဒိုနီးရှား၊ တရုတ်နှင့်  ဩစတြေးလျတွင် ရေကြီး မြေပြို 
Donate to DVB

အင်ဒိုနီးရှားနိုင်ငံ အနောက်စူမားတြားပြည်နယ်မှာ မိုးကြီးလို့ ရေကြီးမြေပြိုတာတွေဖြစ်အပြီး လူ ၃၁ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှားအရာရှိက မတ်လ ၁၂ရက်မှာ ပြောပါတယ်။

လူ ၁၅ ယောက် ပျောက်နေဆဲဖြစ်ပြီး အယောက် ၄၀ကျော် ဒဏ်ရာရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဓိက လမ်းမကြီးတခုရဲ့ လမ်းပိုင်းတပိုင်း ရေတိုက်စား မျောပါသွားခဲ့ပြီး တချို့ လမ်းတွေပေါ်မှာ လဲကျနေတဲ့ သစ်ပင်တွေရဲ့ ပင်စည်တွေ အကိုင်းတွေ ပိတ်ဆို့နေပါတယ်။

အိမ်တွေလည်း ဆိုးဆိုးရွားရွား ပျက်စီးခဲ့သလို တချို့ ရှင်သန်ကျန်ရစ်သူတွေက စာသင်ကျောင်းတွေရဲ့ အခန်းထဲမှာ ခိုလှုံနေရတယ်လို့ အသက် ၄၃ နှစ်အရွယ် အိခိုဝီဒိုဒိုက ပြောပါတယ်။

မေလ ၁၁ ရက် ညကတည်းက ရေကြီးလို့ တာနာဒါတာစီရင်စုထိ ရွှံ့တွေ ရောက်လာပြီး ခရိုင် ၅ ခုကို ဖုံးလွှမ်းခဲ့တယ်လို့ အမျိုးသားကပ်ဘေးစီမံခန့်ခွဲရေးအေဂျင်စီ (BNPB)က ထုတ်ပြန်ပါတယ်။

ရေဘေးကြောင့် အိမ်ရာ ၈၄ ခုနဲ့ တံတား ၁၆ စင်း ထိခိုက်ခဲ့တယ်လို့ BNPB ရဲ့ နောက်ဆုံး အကဲဖြတ်ချက်ထဲမှာဖော်ပြပါတယ်။

လမ်းတွေကို ရှင်းရာမှာ အရှိန်မြှင့်လုပ်ဆောင်ဖို့ စက်ယန္တရားကြီးတွေကို ထိထိရောက်ရောက် သုံးနေတယ်လို့လည်း ပြောပါတယ်။

မေ ၁၄ ရက် အစောပိုင်းကလည်း အင်ဒိုနီးရှားတောင်ပိုင်းက စူလာဝေစီပြည်နယ်မှာ ရေကြီး မြေပြိုတာတွေကြောင့် လူ ၁၄ ယောက် သေဆုံးခဲ့ပါတယ်။

တရုတ်နိုင်ငံမှာလည်း အနောက်တောင်ပိုင်း ကွမ်းရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲမှာ မိုးအကြီးအကျယ်ရွာလို့ ရေလွှမ်းပြီး မြေပြိုတာတွေ ဖြစ်ခဲ့တယ်လို့ အစိုးရရုပ်သံ CCTVက မေလ ၁၁ ရက်မှာ သတင်းထုတ်လွှင့်ပါတယ်။

ချင်ကျိုးမြို့မှာ လမ်းတွေ ရေလွှမ်းနေလို့ ကားတွေ ရေမြုပ်နေတဲ့ ရုပ်ပုံတွေကိုလည်း ရုပ်သံကနေ ထုတ်လွှင့် ပြသပါတယ်။

ဖန်းချန်းဂွမ်းမြို့မှာ ကယ်ဆယ်ရေးသမားတွေက ဒေသခံတွေကို ဘေးကင်းရာဆီ လှေတွေသုံးပြီး ကယ်ထုတ်ရွှေ့ပြောင်းပေးခဲ့ရကာ နန်ပိုမြို့နယ်ထဲမှာ မိုးကြီးပြီး မြေပြိုလို့ လမ်းတလမ်း ပိတ်ဆို့ခဲ့ပါတယ်။

ကွေ့ကျိုး၊ ယူနန် ပြည်နယ်တို့ အပါအဝင် တရုတ်နိုင်ငံတောင်ပိုင်းမှာ လာမယ့် ဆယ်ရက်အတွင်း မိုးပိုရွာမယ်လို့ ခန့်မှန်းထားပါတယ်။

ဩစတြေးလျနိုင်ငံမှာတော့  ဆစ်ဒနီမြို့ အရှေ့ဘက် ဆင်ခြေဖုံးမှာ မြေပြိုလို့ တဖက်ပိတ် လမ်းတလမ်း ပျက်စီးသွားပြီး အဲဒီလမ်းကို မေ ၁၂ ရက်မှာ ပိတ်ထားပါတယ်။

မြေပြိုတာ ဗုံးကွဲသလိုပဲလို့ ဒေသခံ ကောလင်းစကော့တ်က ဒေသခံမီဒီယာကို ပြောကြားခဲ့ပြီး မြေပြိုလို့ သူ့အိမ်လှုပ်ခါသွားပြီး အင်အားက လုံးဝကြောက်စရာပဲလို့လည်း ဆက်ပြောပါတယ်။

မိုးအကြီးအကျယ် ရွာအပြီး အနီးဆုံး တိုက်ခန်းတွဲ အဆောက်အဦကနေ မီတာနည်းနည်းပဲ ဝေးတဲ့ လမ်းပေါ်မှာ မြေပြိုလို့ အပေါက်ကြီး ဖြစ်သွားခဲ့တာဖြစ်ပြီး လူတွေ အသေအပျောက် သတင်းတွေကတော့ မကြားသိရသေးပါဘူး။

မြေပြိုလို့ ဖြစ်တဲ့ အပျက်အစီးတွေလည်း  ဆင်ခြေလျောတလျှောက် ပြန့်ကျဲနေလို့ အရေးပေါ်အဖွဲ့က ပတ်ဝန်းကျင်ကို ညတွင်းချင်း ပိတ်ထားခဲ့ပါတယ်။

Source/Photo - Reuter

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013