စက်တင်ဘာ ၁၇ ရက် ငွေလဲနှုန်းနှင့်ရွှေဈေး
DVB
·
September 17, 2014

စက်တင်ဘာလ ၁၇ ရက်အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၉၈၀ ကျပ်၊ ဥရောပ ၁ ယူရိုကို ၁၂၆၉ ဒသမ ၁၀ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၀၄ ဒသမ ၁၄ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၇၇၆ ဒသမ ၁၇ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၃၀ ဒသမ ၄၀ ကျပ် အသီးသီးဈေးပေါက်ပါတယ်။
အကယ်ဒမီရွှေဈေးကတော့ ၀ယ်ဈေး ၆၅၆၅၀၀ ကျပ် ဖြစ်ပြီး ရောင်းဈေးက ၁၀၀၀ ကျပ်တိတိ ပိုပါတယ်။
ဒီကနေ့ ကမ္ဘာ့ရွှေဈေးကွက်မှာ ၁ အောင်စကို အမေရိကန်ဒေါ်လာ ၁၂၃၈ ဒသမ ၈ ဈေးပေါက်ပါတယ်။











