DVB Logo
Home
အားကစား
ဘန်လေနှင့် လူတန်တောင်း ပရီးမီးယားလိဂ်မှ တန်းပြန်ဆင်း
DVB
·
May 12, 2024
ဘန်လေနှင့် လူတန်တောင်း ပရီးမီးယားလိဂ်မှ တန်းပြန်ဆင်း
Donate to DVB

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၇ အပြီးမှာ ဘန်လေနဲ့ လူတန်တောင်းအသင်းတို့ ရှုံးပွဲတွေ့ခဲ့တာကြောင့် နှစ်သင်းစလုံး တန်းဆင်းသွားခဲ့ရပါတယ်။

မနှစ်ကရာသီကမှ ချန်ပီယံရှစ်ကနေ တန်းတက်လာခဲ့တဲ့ အဲဒီနှစ်သင်းဟာ တရာသီအတွင်းမှာပဲ တန်းပြန်ဆင်းသွားခဲ့ရတာပါ။

ဘန်လေအသင်းက စပါးအသင်းကို အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ပွဲစဉ် ၃၇ အပြီးမှာ ရမှတ် ၂၄ မှတ်သာရခဲ့လို့ တန်းဆင်းရဖို့ သေချာသွားခဲ့တာပါ။

အလားတူ လူတန်တောင်းအသင်းကလည်း ဝက်စ်ဟမ်းကို ၃ ဂိုး ၁ ဂိုး နဲ့ရှုံးနိမ့်ခဲ့ပြီး ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၁၇ က နော်တင်ဟမ်နဲ့ သုံးမှတ်ပြတ်သွားခဲ့တာပါ။

ယတိပြတ် တန်းဆင်းပြီလို့ မပြောနိုင်ပေမဲ့ လက်ကျန်တပွဲအလိုမှာ နော်တင်ဟမ်နဲ့ သုံးမှတ်ကွာဟနေတဲ့ အပြင် ဂိုးကွာခြားချက် ၁၂ ဂိုး အထိ ကွာဟနေတာကြောင့် တန်းဆင်းသွားပြီလို့ ဆိုရမှာပါ။

ရှက်ဖီးယူနိုက်တက်လည်း တန်းဆင်းသွားခဲ့ပြီဖြစ်တာကြောင့် မနှစ်ကနေ တန်းတက်လာခဲ့တဲ့ အသင်း ၃ သင်းစလုံး တန်းဆင်းသွားခဲ့ရတာ ဖြစ်ပါတယ်။ 

Photo - REUTERS/Tony Obrien

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013