DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပဋိပက္ခတွင်း အမုန်းတရားနှင့် သတင်းမှားမဖြန့်ကြရန် ကုလသတိပေး
DVB
·
May 10, 2024
မြန်မာ့ပဋိပက္ခတွင်း အမုန်းတရားနှင့် သတင်းမှားမဖြန့်ကြရန် ကုလသတိပေး
Donate to DVB

မြန်မာနိုင်ငံတဝန်း လုံခြုံရေးအခြေအနေ ဆိုးရွားနေချိန်မှာ သတင်းမှားတွေနဲ့ အမုန်းစကားတွေကို ရပ်တန့်ကြဖို့နဲ့ လူသားချင်း ပေါင်းစည်းညီညွတ်မှုနဲ့ အချင်းချင်း အပြန်အလှန် လေးစားမှုမြှင့်တင်ကြဖို့ ပဋိပက္ခမှာ ပါဝင်သူတွေအားလုံးကို ကုလသမဂ္ဂက တိုက် တွန်းလိုက်ပါတယ်။

ဒါ့အပြင် အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ ရန်လိုမှုတွေ ရပ်တန့်ဖို့နဲ့ လူသားချင်း စာနာမှုဆိုင်ရာ သွားလာခွင့်တို့ကိုလည်း ထပ်မံတောင်းဆိုထားတာပါ။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအပေါ်လည်း ကုလသမဂ္ဂက အထူးစိုးရိမ်နေ ကြောင်းနဲ့ အရပ်သားတွေဟာ ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေ၊ လူမျိုးရေး တင်းမာမှုမြင့် တက်လာတာတွေအပါအဝင် ပဋိပက္ခမှာ ပါဝင်တဲ့ သက်ဆိုင်ရာ အစုအဖွဲ့တွေက အတင်းအကျပ် စုဆောင်းတာတွေကိုပါ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှာတော့ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီ တပ်တွေကြား တိုက်ပွဲတွေ အရှိန်အဟုန်နဲ့ ပြင်းထန်လာနေပြီး ရက္ခိုင့်တပ်တော်က မြို့ လယ်ခေါင်ကို နီးကပ်လာတာနဲ့အမျှ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြင်းထန်လာနေတာကြောင့် စိုးရိမ်မှုတွေ ပိုပြီးတော့ မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းကာလဟာ ၃ နှစ်ကျော်အထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ နိုင်ငံတဝန်းမှာတော့ ပဋိပက္ခတွေ၊ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေ ၃ သန်းကျော်ထိရှိလာပြီး ဒါဟာ ဆိုးဝါးတဲ့ သမိုင်းမှတ်တိုင်တခုဖြစ်လာတယ်လို့  ကုလသမဂ္ဂက အခုရက်ပိုင်းမှာ တင် ထုတ်ပြန်ထားပါတယ်။ ဒီကိန်းဂဏန်းအချက်အလက်တွေဟာ ပြီးခဲ့တဲ့ ၆ လတာအတွင်း ၅၀ ရာခိုင်နှုန်းလောက် သိသိသာသာ မြင့်တက်လာခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုနက်ရှိုင်းတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့အတူ ချောက်ကမ်းပါး ထိပ်မှာ ရပ်တည်နေပြီး နိုင်ငံအနှံ့အပြား ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက် စံချိန်တင်နေခဲ့တာပါ။

လက်ရှိ ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ သန်းထဲက ၂ ဒသမ ၇ သန်းကျော်ကတော့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပြီး ပညာရေးနဲ့ အနာဂတ်ကို မှီခိုနေရတဲ့ ကလေးသူငယ်ဦးရေ သုံးပုံတပုံလောက် ပါဝင်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013