DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေကြောင့် ဒဂုံတက္ကသိုလ်တွင် အဝေးသင်ကျောင်းသား များပြားလာ 
DVB
·
May 9, 2024
စစ်မှုထမ်းဥပဒေကြောင့် ဒဂုံတက္ကသိုလ်တွင် အဝေးသင်ကျောင်းသား များပြားလာ 
Donate to DVB

စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးပြီးတဲ့နောက် ဒဂုံတက္ကသိုလ်က အဝေးသင်အတန်းတွေ စတင်ဖွင့်လှစ်တဲ့ ဇန်နဝါရီ ၁၃ ရက်ကတည်းက ကျောင်းအပ်နှံတဲ့သူတွေ ယခင်နှစ်တွေထက် များပြားခဲ့တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။ 

ပညာသင်ကြားနေဆဲ ကျောင်းသားတွေ စစ်မှုထမ်းဥပဒေကနေ ယာယီဆိုင်းငံ့ခွင့်ရှိတယ်ဆိုတဲ့ အချက်ကြောင့်  အဝေးသင်အတန်းတွေ ပြန်လည်ဖွင့်တဲ့ မေ ၄ ရက်မှာ ကျောင်းသားတွေ ပိုမိုများပြားလာပြီး မေဂျာတခုကို ကျောင်းသားဦးရေ ၅၀၀ ကျော်ထိ ရှိနိုင်တယ်လို့ လက်ရှိ တက်ရောက်နေတဲ့ အဝေးသင်ကျောင်းသားတွေဆီက ပြောပါတယ်။

အခုအဝေးသင်တက်ရောက်သူတွေဟာလည်း အရင်က ကျောင်းနားထားသူတွေလည်း ပါတဲ့အတွက် အရင်စာသင်နှစ်ကထက် ပိုများလာတာလို့ သိရပါတယ်။

CDM တက္ကသိုလ်ကျောင်းသား ကိုဇင်မင်းဦးက “မိဘတွေက ကျောင်းပြန်တက်ဖို့ ဖိအား ပေးတာရော၊ ဒီစစ်မှုထမ်းဥပဒေကြောင့်ရော ပြန်တက်ဖြစ်တာပါ။ ကျောင်းမှာ အရင်လို ကျောင်းသားအခွင့်အရေးတွေ ပြည့်ပြည့်ဝဝရတာမျိုးလည်း မရှိသလို ကျောင်းအပ်ခနဲ့ ကျူရှင် လခ တွေ အရင်ထက် ၂ ဆလောက် ဈေးတက်သွားတဲ့ အခက်အခဲတွေတော့ ရှိပါတယ်” လို့  ပြောပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဥပဒေအရ ပညာသင်ကြားနေဆဲ ကျောင်းသားတွေကို စစ်မှုထမ်းဖို့ ယာယီ ကင်းလွတ်ခွင့်ပေးမယ်ဆိုတဲ့ အချက်ဟာ တိကျသေချာမှု မရှိဘူးလို့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ဒေါ်ရွှေသိင်္ဂီက ပြောပါတယ်။

“ပညာသင်ကြားနေဆဲသူတွေကို စစ်မှုထမ်းဥပဒေကနေ ကင်းလွတ်ခွင့်ပေးမယ်ဆိုပေမဲ့ တိကျ သေချာတဲ့ တရားဥပဒေမျိုး မဟုတ်ဘူး။ ဥပဒေက သူတို့လက်ထဲမှာ ရှိတဲ့အတွက် အမျိုးမျိုး ပြောင်းနိုင်တယ်။ ကျောင်းသားတွေအနေနဲ့ ကျောင်းသွားအပ်လိုက်ခြင်းအားဖြင့် ကိုယ့်ရဲ့ အချက်အလက်တွေကို သူတို့ဆီကို စာရင်းပေးသလို ဖြစ်သွားနိုင်တယ်။”

စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးတဲ့နောက်မှာ လူငယ်တွေအနေနဲ့ ပြည်ပနိုင်ငံတွေကို ထွက်ပြေး တိမ်းရှောင်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲကို ဝင်ရောက်တာတွေ များပြားလာပြီး ရန်ကုန်နဲ့ မန္တလေးတို့လို မြို့ကြီးတွေမှာတော့ စစ်မှုထမ်းဥပဒေကနေ ယာယီကင်းလွတ်ခွင့်ရဖို့ တက္ကသိုလ်နဲ့ အစိုးရအထက်တန်းကျောင်းတွေမှာ ပြန်လည်တက်ရောက်သူတွေလည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013