DVB Logo
Home
နိုင်ငံတကာ
ကိုရီးယားရုပ်ရှင် Baeksang Arts Awards ဆုပေးပွဲတွင် Exhuma ဇာတ်ကားက ဆုအများဆုံး သိမ်းပိုက်
DVB
·
May 8, 2024
ကိုရီးယားရုပ်ရှင် Baeksang Arts Awards ဆုပေးပွဲတွင် Exhuma ဇာတ်ကားက ဆုအများဆုံး သိမ်းပိုက်
Donate to DVB

ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းအနုပညာဆုပေးပွဲတခုဖြစ်တဲ့ Baeksang Arts Awards ဆု ပေးပွဲမှာ နာမည်ကျော် Exhuma ရုပ်ရှင်က အကောင်းဆုံး ဒါရိုက်တာဆု၊ သရုပ်ဆောင် မင်းသမီးဆု၊ တက်သစ်စ သရုပ်ဆောင်မင်းသားဆုတွေ အပါအဝင် ဆုတွေအများဆုံး သိမ်းပိုက်ရရှိသွားခဲ့ ပါတယ်။

အကြိမ် ၆၀ မြောက်အဖြစ် ကျင်းပတဲ့ ဒီပွဲကိုတော့ မေ ၇ ရက်က မြို့တော် ဆိုးလ်မှာ ကျင်းပခဲ့တာဖြစ်ပြီးတော့ အစီအစဉ်တင်ဆက်သူတွေအဖြစ် နာမည်ကျော် အနုပညာရှင် တွေ ဖြစ်တဲ့ ရှင်ဒေါင်ယု၊ ဆူဇီနဲ့ ပတ်ဘိုဂန်တို့က ဆောင်ရွက်ခဲ့ကြတာပါ။

အခုနှစ်ရဲ့  Baeksang Arts Awards ဆုပေးပွဲမှာ အမြင့်ဆုံးဆုတဆုဖြစ်တဲ့ Grand Prize ကိုတော့ 12.12: The Day ရုပ်ရှင်ရဲ့ ဖန်တီးရှင် ဒါရိုက်တာ ကင်မ်ဆောင်ဆုက ရရှိခဲ့သလို အဲဒီကားဟာ အကောင်းဆုံး ရုပ်ရှင်ကားဆုလည်း ဆွတ်ခူးရရှိခဲ့ကာ ဒီကား ထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်မင်းသား ဟွမ်ဂျွန်မင်က အကောင်းဆုံးသရုပ်ဆောင်မင်းသားဆု ရရှိခဲ့တာ ဖြစ်ပါတယ်။

ရုံတင်ဝင်ငွေ စံချိန်တင်ရရှိထားပြီး Rating ကောင်းတွေ ရရှိထားခဲ့တဲ့ နာမည်ကြီး Exhuma ရုပ်ရှင်ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ ဂျန်ဂျေဟျွန်း၊ သရုပ်ဆောင်မင်းသမီး ကင်မ်ဂို အွန်းနဲ့ တက်သစ်စ သရုပ်ဆောင်မင်းသား လီဒိုဟျွန်းတို့ကလည်း ဆုတွေ ဆွတ်ခူးရရှိခဲ့ ကာ ဒီကားနဲ့ပဲ အကောင်းဆုံး အသံပိုင်းဆိုင်ရာ ဆုကို ဆွတ်ခူးရရှိခဲ့တာပါ။

လတ်တလော ထုတ်လွှင့်ပြသသွားခဲ့တဲ့ နာမည်ကျော် ကိုရီးယားရုပ်သံစီးရီးစ်ဖြစ်တဲ့ Queen of Tears ဇာတ်လမ်းတွဲထဲက အဓိက သရုပ်ဆောင်မင်းသား ကင်မ်ဆိုဟျွန်းက တော့ Prizm Popularity Award ကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013