DVB Logo
Home
နိုင်ငံတကာ
အမေရိကန်စစ်သား ၁ ဦးအပါအဝင် အမေရိကန်နိုင်ငံသား ၂ ဦးကို ရုရှားဖမ်းဆီး
DVB
·
May 8, 2024
အမေရိကန်စစ်သား ၁ ဦးအပါအဝင် အမေရိကန်နိုင်ငံသား ၂ ဦးကို ရုရှားဖမ်းဆီး
Donate to DVB

တာဝန်ထမ်းနေဆဲ အမေရိကန်စစ်သား ၁ ဦး အပါအဝင် အမေရိကန်နိုင်ငံသား ၂ ဦးကို သီးခြားရာဇ၀တ်မှုတွေနဲ့ ဖမ်းဆီးထားတယ်လို့ ရုရှားအာဏာပိုင်တွေက မေလ ၇ ရက်မှာ ပြောပါတယ်။

မေ ၆ ရက်မှာ အဖမ်းခံထားရတဲ့ စစ်သားကို ခိုးမှုနဲ့ ရုရှားနိုင်ငံအရှေ့ဖျားက ဗလာဒီဗိုစတော့မြို့မှာရှိတဲ့ တရားရုံးတခုက ချုပ်နှောင်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒေသဆိုင်ရာရုံးက အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တရားရုံးက စစ်သားကို ဂေါ်ဒွန် ဘလက်ဆိုတဲ့နာမည်နဲ့ စာရင်းသွင်းထားပြီး အနည်းဆုံး ဇူလိုင် ၂ ရက်အထိ ထိန်းသိမ်းထားမယ်လို့ RIA သတင်းဌာနက ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားမှုနဲ့ ပတ်သက်ပြီး တနင်္လာနေ့က အကြောင်းကြားထားတယ်လို့ အမေရိကန်စစ်တပ်ကပြောပေမဲ့ အဲဒီစစ်သားကို ဘယ်သူဘယ်ဝါဆိုတာ ထုတ်မပြော ခဲ့ပါဘူး။

ဖမ်းခံရတဲ့ စစ်သားဟာ တောင်ကိုရီးယားမှာ အခြေစိုက်ထားသူလို့အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတဦးက ပြောပါတယ်။

ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဒီအမှုမှာ နိုင်ငံရေးဆိုင်ရာ အစိတ်အပိုင်းတွေ မပါသလို သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်လည်း မရှိဘူးလို့လည်း ဆိုပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013