DVB Logo
Home
မြန်မာသတင်း
မိုင်းတုံ ရေအားလျှပ်စစ် ဓာတ်အားများ ပြည်တွင်း အဓိကသုံးမည်
DVB
·
September 17, 2014
မိုင်းတုံ ရေအားလျှပ်စစ် ဓာတ်အားများ ပြည်တွင်း အဓိကသုံးမည်
Donate to DVB

တာဆန်းရေကာတာစီမံကိန်းလို့ လူသိများတဲ့ ရှမ်းပြည်နယ် မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်းက ထွက်လာတဲ့ ဓာတ်အားတွေကို ပြည်တွင်းမှာ အဓိကထား သုံးစွဲမှာဖြစ်ပြီး ပိုလျှံမှ အိမ်နီးချင်းနိုင်ငံတွေကို ရောင်းမယ်လို့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးက ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက အဲဒီစီမံကိန်းနဲ့ပတ်သက်ပြီး သိရှိလိုကြောင်း မေးမြန်းတာကို ဖြေကြားခဲ့တာပါ။
သံလွင်မြစ်အထက်ပိုင်းမှာ တည်ဆောက်ဖို့ရှိတဲ့ မိုင်းတုံရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး လက်ရှိဆောင်ရွက်နေတာကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးက လွှတ်တော်မှာ လာရောက်ပြောကြားသွားတာပါ။

ဒါပေမယ့် လက်ရှိအချိန်ထိ စီမံကိန်းကုန်ကျစရိတ်ကို မသိရသေးတဲ့အတွက် နိုင်ငံတော်နဲ့ ကုမ္ပဏီတွေရမယ့် အကျိုးအမြတ်တွေကို မသိရသေးဘူးလို့ ၀န်ကြီးက ပြောပါတယ်။

စီမံကိန်းကြောင့် ဖြစ်လာမယ့် အကျိုးအပြစ်တွေအတွက် ပြန်ဆောင်ရွက်ပေး မှာတွေနဲ့ပတ်သက်လို့ ပြည်သူတွေကို တွေ့ဆုံဆွေးနွေးပြီး အကြံဉာဏ် ရယူမယ်လို့ ၀န်ကြီးက ပြောပါတယ်။

ဝန်ကြီးဖြေကြားသွားတဲ့ အဖြေတွေဟာ ဒေသခံတွေအတွက် သိပ်အားရစရာ မဟုတ်ဘူးလို့ လွှတ်တော်မှာ မေးခွန်းထုတ်ခဲ့တဲ့ ကျားဖြူပါတီအမတ် ဒေါ်နန်းဝါနုက ပြောပါတယ်။

မိုင်းတုံဆည်ဟာ သံလွင်မြစ်ပေါ်မှာ တည်ဆောက်ဖို့ လျာထားတဲ့ ဆည် ၅ ထဲမှာ အကြီးဆုံး ဆည်ဖြစ်ပြီး ဒီဆည်မှာ ဆောက်လုပ်နေတဲ့ ရေအားလျှပ်စစ်စီမံကိန်းကနေ ဓာတ်အား မဂ္ဂါဝပ် ၇၀၀၀ ကျော်လောက် ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ဒီစီမံကိန်းကို မြန်အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေ ပူးပေါင်းအကောင်အထည်ဖော်ဖို့ သဘောတူထားပြီး ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ သန်း ၆,၀၀၀ ဒါမှမဟုတ် ဒီတက်ပိုမယ်လို့ ခန့်မှန်းနေကြပါတယ်။

သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားတဲ့အဖွဲ့တွေနဲ့ ဒေသအခြေပြု အရပ်ဘက်အဖွဲ့အစည်းတွေကတော့ ဒီစီစီမံကိန်းကြောင့် ဆည်တည်ဆောက်မယ့်နေရာနဲ့ ရေလွှမ်းခံရမယ့်နေရာတွေမှာ ထောင်သောင်းချီတဲ့ ဌာနေတိုင်းရင်းသားတွေ အဓမ္မရွှေ့ပြောင်းခံရမှာ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တွေ့ကြုံခံစားရမှာနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှာတွေကို စိုးရိမ်ပူပန်တဲ့အတွက် အစဉ်တစိုက် ကန့်ကွက်နေကြပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013