DVB Logo
Home
နိုင်ငံတကာ
ဘော့စနီးယား၌ပွင့်သည့် ငြိမ်းချမ်းရေး ချယ်ရီပန်း
DVB
·
May 7, 2024
ဘော့စနီးယား၌ပွင့်သည့် ငြိမ်းချမ်းရေး ချယ်ရီပန်း
Donate to DVB

ဘော်လ်ကန်ဒေသက ဘော့စနီးယားနိုင်ငံ စစ်ပွဲအဆုံးသတ်ပြီး ဆယ်စုနှစ် ၃ ခုနီးပါးအကြာ ဂျပန်နိုင်ငံက လူသားချင်းစာနာမှုလုပ်သားတွေရဲ့ လက်ဆောင်တခုဖြစ်တဲ့ ငြိမ်းချမ်းရေးကို ဂုဏ်ပြုတဲ့ ရာနဲ့ချီတဲ့ ချယ်ရီပင်တွေဟာ မြို့တော် ဆာရာယေဗို လမ်းမတွေနဲ့ သင်္ချိုင်းတွေမှာ ပွင့်လန်းလို့ နေပါတယ်။

၂၀၀၂ ခုနှစ်ကစလို့ ဂျပန်အန်ဂျီအိုတခုဖြစ်တဲ့ ‘IPIL-IPIL no KAI’ အဖွဲ့က ဘော့စနီးယားနိုင်ငံတွင်းက မြို့တွေအတွက် ဆာကူရာချယ်ရီပင် ၁,၇၅၀ လှူဒါန်းခဲ့ပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ရာစုနှစ်တခုကျော်ကတည်းက ဝါရှင်တန်ဒီစီကို ပထမဆုံး ချယ်ရီပင် လှူဒါန်းမှုနောက်ပိုင်း ဂျပန်နိုင်ငံက ထိန်းသိမ်းခဲ့တဲ့ အစဉ်အလာတရပ် ဖြစ်ပါတယ်။

IPIL-IPIL no KAI အန်ဂျီအို အကြီးအကဲ တိုရှီကို အိတိုက “ကျမ ဘော့စနီးယားကို ၁၉၉၈ မှာ ပထမဆုံး ရောက်ခဲ့တာ။ အဲဒီအချိန်က ဘော့စနီးယားစစ်ပွဲ ပြီးခါစ၊ ဆာရာယေဗို မြို့ကြီးကလည်း ဆိုးဆိုးရွားရွား ပျက်စီးနေတာ။ ချစ်စရာကောင်းတဲ့ ဆာရာယေဗိုမြို့မှာ အလှတရား ပြန်ထွန်းကားစေချင်တာ။ အဲဒါကြောင့် ဝါရှင်တန်ဒီစီမှာ ချယ်ရီတွေ ပွင့်တာကို ပြန်အမှတ်ရမိတယ်။ အဲဒါနဲ့ ဘော့စနီးယားက ဆာရာယေဗိုမြို့ကို ချယ်ရီပင်တွေပို့ဖို့ စလုပ်ခဲ့တာပါ” လို့ ပြောပါတယ်။

ဂျပန်မှာ ဆာကူရာပန်းဟာ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောမှု သင်္ကေတအဖြစ် တန်ဖိုးထားခံရတဲ့ပန်း ဖြစ်ပါတယ်။

၁၉၉၂ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့် ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ ဆာရာယေဗိုမြို့ကို ၁၉၉၈ ခုနှစ်မှာ ပထမဆုံးအကြိမ် ရောက်ရှိလာတဲ့ IPIL-IPIL no KAI အဖွဲ့ အကြီးအကဲ တိုရှိကို အိတိုက ချယ်ရီပင်တွေလှူဖို့ စဉ်းစားမိခဲ့တာပါ။

“ဆာရာယေဗိုတင်မကဘဲ ဘော့စနီးယားက မြို့ကြီး၊ မြို့ငယ် နေရာအနှံ့မှာ စုစုပေါင်း ချယ်ရီပင် ၁,၇၅၀ လှူဒါန်းခဲ့ပါတယ်။ အခုဆိုရင် ဆယ်နှစ်ကျော်လာပြီဆိုတော့ အရမ်းလှတဲ့ ချယ်ရီပင်တွေ အများကြီး ပွင့်လန်းနေပြီ ဆိုတော့ လူတိုင်းကို ပျော်အောင်လည်း လုပ်ပေးနိုင်ပြီပေါ့။”

နောက်ပိုင်းမှာ ဘော့စနီးယားနိုင်ငံတဝန်းက တခြားမြို့တွေမှာပါ ငြိမ်းချမ်းရေးသင်္ကေတ အဖြစ် ဆက်လက်လှူဒါန်းခဲ့ပြီး လူမျိုးရေးအရ သဘောကွဲလွဲမှုများတဲ့ ဒီနိုင်ငံမှာ အသိုင်းအဝိုင်း အားလုံးအတွက် ရည်ရွယ်လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဂျပန်က မူလ ဆာကူရာပင်တွေ တင်သွင်းမှု တားမြစ်လိုက်အပြီးမှာ ရှိပြီးအပင်တွေကနေ အပင်သစ်တွေ ပွားယူဖို့ ဘော့စနီးယားသားတွေကို ဂျပန်က ပညာရှင်တွေက သင်ကြားပေးခဲ့ပါတယ်။

အဲဒီကစလို့ ချယ်ရီပင်တွေ ဘယ်လို ကိုင်းဆက် ကိုင်းပွားရမယ်၊ ပျိုးထောင်ရမယ်ဆိုတာ ဂျပန်ပညာရှင်တဦးက နှစ်စဉ်နှစ်တိုင်း လာရောက် သင်ကြားပေးလေ့ ရှိပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013