DVB Logo
Home
နိုင်ငံတကာ
ရုရှားက နည်းဗျူဟာမြောက် နျူကလီးယားလက်နက် စစ်ရေးလေ့ကျင့်
DVB
·
May 7, 2024
ရုရှားက နည်းဗျူဟာမြောက် နျူကလီးယားလက်နက် စစ်ရေးလေ့ကျင့်
Donate to DVB

ရုရှားရဲ့ နည်းဗျူဟာမြောက် နျူလက်နက် စစ်ရေးလေ့ကျင့်မှုဟာ ယူကရိန်းနိုင်ငံဆီ တပ်ဖွဲ့ဝင်တွေ စေလွှတ်တာနဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေရဲ့ ထုတ်ပြန်ချက်တွေကို တုံ့ပြန်တာလို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က မေ ၆ ရက်မှာ ပြောလိုက်ပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်က ယူကရိန်းဆီ စစ်သားတွေ လွှတ်နိုင်တယ်ဆိုတဲ့ မှတ်ချက်တွေအပြင် ဗြိတိန်နဲ့ အမေရိကန် အထက်လွှတ်တော်အမတ်တွေရဲ့ ထုတ်ပြန်ချက်တွေကို ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ကိုးကားဖော်ပြခဲ့ပါတယ်။

ဒီအချက်အလက်ဟာ လက်တွေ့နဲ့ ဘယ်လောက်ထိ ဆက်စပ်နေတယ် ဆိုတာကို နားလည်ဖို့ လိုအပ်တယ်လို့ သူကဆိုပါတယ်။

ယူကရိန်းမှာ ပြင်သစ်ရဲ့ ပြည်ပတပ်တွေ ဖြန့်ကျက်ချထားရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေကို စစ်ဘက်နဲ့ တခြား အထူးဝန်ဆောင်မှုတွေက စိစစ်နေတယ်လို့လည်း ပဲ့စ်ကို့ဗ်က ပြောပါတယ်။

“ပြင်သစ်သမ္မတနဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးတို့ စတင်လိုက်တဲ့ မကြုံစဘူး တင်းမာမှုအသစ်ကို ကျနော်တို့ မကြာသေးမီက တွေ့ခဲ့ရပါတယ်။ ဒါဟာ အင်မတန် အန္တရာယ်များတဲ့ စကားလုံးဖြစ်လို့ ဒီအချက်အလက်ကို အရင်စစ်ဆေးဖို့ လိုပါတယ်” လို့လည်း ပဲ့စ်ကို့ဗ်က ပြောပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013