DVB Logo
Home
အားကစား
မန်ယူနှင့်ပွဲတွင် အာဆင်နယ် ခြေချော်ပြီး မန်စီးတီးချန်ပီယံဖြစ်မည်ဟု ဂယ်ရီနဗီးလ် သုံးသပ်
DVB
·
May 7, 2024
မန်ယူနှင့်ပွဲတွင် အာဆင်နယ် ခြေချော်ပြီး မန်စီးတီးချန်ပီယံဖြစ်မည်ဟု ဂယ်ရီနဗီးလ် သုံးသပ်
Donate to DVB

မန်ယူအသင်းနဲ့ ကန်မယ့်ပွဲစဉ်မှာ အာဆင်နယ်အသင်းအနေနဲ့ ခြေချော်ပြီး မန်စီးတီးက ချန်ပီယံဖြစ်သွားလိမ့်မယ်လို့ အင်္ဂလန်နဲ့ မန်ယူနိုက်တက်က နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ခန့်မှန်းပြောသွားပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အာဆင်နယ်က မန်စီးတီးထက် တပွဲပိုကစားပြီး တမှတ်ပဲ အသာရနေတာပါ။

အာဆင်နယ်အသင်းဟာ ဒီတပတ်ပရီးမီးယားလိဂ်မှာ မန်ယူအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။

အဲဒီပွဲစဉ်မှာ အာဆင်နယ်အသင်း အမှတ်လျော့ကျမှာဖြစ်လို့ နောက်ဆုံးပွဲစဉ်မတိုင်ခင်မှာပဲ မန်စီးတီးက ချန်ပီယံဆုဖလား ရယူသွားလိမ့်မယ်လို့ နဗီးလ်က မှတ်ချက်ပေးပါတယ်။

အာဆင်နယ်အသင်းဟာ မနှစ်ကရာသီထက် ပိုပြီးကောင်းမွန်လာတာမှန်ပေမဲ့ မန်စီးတီးအသင်းက ပိုပြီးပြည့်စုံတဲ့အသင်းဖြစ်ကြောင်း ဂယ်ရီနဗီးလ်က ပြောသွားပါတယ်။

မန်စီးတီးက လာမယ့် စနေနေ့ အစောဆုံးပွဲစဉ်အဖြစ် ဖူဟမ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရမယ်ဆိုရင် အာဆင်နယ်ကို ၂ မှတ်ဖြတ်ပြီ ဦးဆောင်နိုင်မှာဖြစ်ပါတယ်။ 

Photo - REUTERS/Molly Darlington

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013