DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်တွင် တရားမဝင် ဝင်လာသည့် မြန်မာနိုင်ငံသား ၄၀ ကို ထိုင်းရဲ ဖမ်းဆီး 
DVB
·
May 6, 2024
ထိုင်း-မြန်မာနယ်စပ်တွင် တရားမဝင် ဝင်လာသည့် မြန်မာနိုင်ငံသား ၄၀ ကို ထိုင်းရဲ ဖမ်းဆီး 
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မယ်လမတ်မြို့နယ်ထဲမှာ တရားဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၄၀ ကို ထိုင်းလမ်းပြ ၅ ဦးနဲ့အတူ ဖမ်းဆီးခံရတယ်လို့  Siamrath ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

တာ့ခ်ခရိုင် စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့၊ လဝကရဲနဲ့ နယ်မြေခံရဲတွေဟာ သတင်းအရ တရားမဝင်အလုပ်သမားတွေ တင်သွင်းနေတယ် ဆိုတဲ့ တာ့ခ်ခရိုင်က ထိုင်းအမျိုးသား ၅ ဦးနောက်ကို လိုက်လံစုံစမ်းနေရာမှာ မေ ၃ ရက်က မယ်လမတ်မြို့နယ် ဆာမ်မိန်အုပ်စု ဘန့်ဆဲမ်ရွာထဲမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ ၅ ဦးဟာ ကား ၂ စီးနဲ့ လူတွေကို သယ်ဆောင်လာကြောင်း ၊ ကားပေါ်မှာ အထုပ်အပိုးတွေနဲ့  မြန်မာနိုင်ငံသား ၄၀ ( အမျိုးသား ၂၉   ၊ အမျိုးသမီး ၁၁ ဦး ) လိုက်ပါလာပြီး ထိုင်းနိုင်ငံထဲ တရားဝင် ဝင်ရောက်လာတဲ့ အထောက်အထား မရှိတာကြောင့် လဝက ဥပဒေနဲ့ အရေးယူသွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ ထိုင်း ၅ ဦးမှာလည်း တရားမဝင်သူတွေ ဝင်ရောက်လာအောင် အားပေးကူညီမှု၊ သူတို့တွေ အရေးယူခြင်းမခံရအောင် သိုဝှက်ကာကွယ်ပေးမှုတွေနဲ့ အရေးယူခံရမယ်လို့ တာ့ခ် ခရိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။

Source: Siam Rath

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013