DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာတဝန်း ဂျူးမုန်းတီးရေး အားကောင်းလာဟု အစ္စရေးတက္ကသိုလ်စစ်တမ်း ဖော်ပြ
DVB
·
May 6, 2024
ကမ္ဘာတဝန်း ဂျူးမုန်းတီးရေး အားကောင်းလာဟု အစ္စရေးတက္ကသိုလ်စစ်တမ်း ဖော်ပြ
Donate to DVB

ကမ္ဘာတဝန်းမှာ ဂျူးမုန်းတီးရေး အားကောင်းလာတယ်လို့ တဲလ်အဗစ်တက္ကသိုလ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဂျူးမုန်းတီးရေး၊ ဆန့်ကျင်ရေး ဖြစ်စဉ်တွေ ဒုတိယကမ္ဘာစစ်နောက်ပိုင်း မကြုံစဖူး မြင့်တက်လာခဲ့ပြီး ဂါဇာက အစ္စရေး-ဟားမတ်စ် စစ်ပွဲကြောင့် ထိန်းမရတဲ့မီးဟာ ပိုပျံ့သွားခဲ့တယ်လို့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြပါတယ်။

တဲလ်အဗစ်တက္ကသိုလ်၊ ခေတ်ပြိုင်ဥရောပနေ ဂျူးလူမျိုးများလေ့လာရေးစင်တာနဲ့ အမေရိကန်က အသရေဖျက်မှုဆန့်ကျင်ရေးအဖွဲ့ (ADL) တို့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှု မဖြစ်ပွားမီကတည်းက ဂျူးဆန့်ကျင်ရေးတွေ မြင့်မားလာခဲ့တာလို့ သုံးသပ်ထားပါတယ်။

၂၀၂၃ ခုနှစ် ပထမ ၉ လအတွင်း ဂျူးဆန့်ကျင်ရေးဖြစ်စဉ် ဖြစ်ပွားမှုဟာ ၂၀၂၂ ခုနှစ် ရှေ့ ၉ လထက် မြင့်မားခဲ့တယ်လို့ ဆိုပါတယ်။

ဂါဇာက ဟားမတ်စ်တွေအပေါ် အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂျူးမုန်းတီးမှု တိုးလာတယ်လို့ အလွယ်ပြောလို့မရဘဲ အဲဒီကိစ္စတွေ မဖြစ်ခင်ကတည်းက “ဆိုးဆိုးရွားရွား” ဂျူးဆန့်ကျင်ရေး ဖော်ပြမှုတွေ ရှိခဲ့တယ်လို့ သုံးသပ်ထားပါတယ်။

အခြေအနေတွေဟာ ဒီတိုင်းဆက်ဖြစ်နေမယ်၊ ဒီထက်ပိုဆိုးလာမယ်ဆိုရင် ကမ္ဘာတလွှားက ဂျူးလူမျိုးတွေ အေးအေးချမ်းချမ်း၊ လွတ်လွတ်လပ်လပ်နဲ့ သာမန်ဘဝမှာ နေနိုင်တော့မှာ မဟုတ်ဘူးလို့ အစီရင်ခံစာက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအတွင်း ဂျာမနီမှာ ဂျူးဆန့်ကျင်ရေးဖြစ်စဉ် ၁,၃၆၄ ခု ဖြစ်ပွားခဲ့ပြီး အောက်တိုဘာကနေ ဒီဇင်ဘာ ၃ လအတွင်း ၂,၂၄၉ ခုအထိ မြင့်တက်သွားခဲ့ပါတယ်။

အမေရိကန်မှာ ၂၀၂၃ ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ဂျူးမုန်းတီးရေးဖြစ်စဉ် ၃,၅၀၀ ရှိခဲ့ပြီး နောက်ဆုံး ၃ လမှာ ၄,၀၀၀ အထိ တက်လာပါတယ်။

အမေရိကန်က ဂျူးဘုရားကျောင်းတွေနဲ့ ဂျူးအသင်းအဖွဲ့တွေအပေါ် ဗုံးခွဲမယ်လို့ ခြိမ်းခြောက်မှုမျိုး ပြီးခဲ့တဲ့နှစ်က တနေ့ သုံးကြိမ်လောက် ကြုံရတယ်လို့ ဆိုပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013