DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံ၊ ပေါက်နှင့် မြောင်ကို လက်နက်ကြီး၊ လေကြောင်းဖြင့် တိုက်ခိုက်
DVB
·
May 5, 2024
ဖယ်ခုံ၊ ပေါက်နှင့် မြောင်ကို လက်နက်ကြီး၊ လေကြောင်းဖြင့် တိုက်ခိုက်
1 / 2
Donate to DVB

ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းက ကျေးရွာတွေကို မေ ၄ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၁ ယောက် ဒဏ်ရာရပြီး နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်း ပျက်စီးခဲ့သလို ပေါက်နဲ့ မြောင်မြို့နယ်က ကျေးရွာ ၂ ရွာကိုလည်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ ယောက် ကျည်စထိပြီး အိမ်တချို့ မီးလောင် ပျက်စီးခဲ့ရပါတယ်။

ဖယ်ခုံမြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်တပ်က ရမ်းသန်းပစ်ခတ်တာဖြစ်ပြီး နေအိမ် ၁၂ လုံးနဲ့ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်က ‌ပြောပါတယ်။

“ထီးရီးအခြေပြု ခွေး(စစ်ကောင်စီ)တပ်က ပစ်တာ။ ဘီလူးချောင်းအရှေ့ဘက်မှာရှိတဲ့ ကုန်းသာ၊ တောင်ပို့ကွဲ၊ ဟိုပန်အနောက်ရွာတွေကို ပစ်ခဲ့တာ။ ခုက ကုန်းသာရွာသားထိသွားတာ” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲမရှိဘဲ ကျေးရွာနေပြည်သူတွေရဲ့ နေအိမ်တွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေ၊ လေ‌ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို တွင်တွင်ကျယ်ကျယ် ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဖယ်ခုံမြို့ ညောင်ကုန်းရပ်ကွက် ၅၊ လုံ‌ကာ တောင်ဘက်နားမှာလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ် ၄ အိမ်ထက်မနည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပြီး လက်နက်ကြီးထိမှန်ခဲ့တဲ့ ပြည်သူရဲ့ ထိခိုက်မှု အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံးအပတ်ထဲမှာလည်း ဖယ်ခုံမြို့အနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က စစ်ဘေးရှောင်ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့လို့ အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၅ ဦး သေဆုံးခဲ့ရပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ကျေးရွာ ၂ ရွာကို မနေ့ မေ ၄ ရက်နေ့ ညပိုင်းမှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်၊ တောင်သီးခြောက်ရွာကို မေ ၄ ရက် နေ့ ည ၈ နာရီအချိန်က လေကြောင်းတိုက်ခိုက်မှု လုပ်သွားတယ်လို့ ဒေသခံ Successful Force – Pauk ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Successful Force – Pauk ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “မနေ့ညက ရွာကို jet fighter နဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်။ စာသင်ကျောင်းနဲ့ ကျေးရွာပြည်သူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့တယ်။ ပြည်သူတဦး ကျည်စထိမှန်တယ်သွားတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က မင်းတန်းရွာကိုလည်း မေ ၄ ရက် မနက်အစောပိုင်း ၁၂ နာရီ ၁၅ မိနစ် အချိန်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။

CDSOM အဖွဲ့ ခေါင်းဆောင် ကိုနွေဦးက “တိုက်ပွဲက မေ ၁ ရက်‌နေ့ကနေ ၃ ရက်နေ့အထိ မြောင်နယ်ထဲမှာ တိုက်ပွဲဖြစ်တယ်။ အဲဒီစစ်ကြောင်းက မင်းတန်းရွာအနီး နေပူကုန်းကိုပြန်ဆုတ်ပြီး မင်းတန်းရွာမှာ PDF ရှိတယ်ဆိုတဲ့ထင်ကြေးနဲ့ ဗုံးလာကြဲချတာ။ နေ့ခင်းပိုင်းကလည်း မန္တလေးတိုင်း ဆီမီးခုံမြို့ဘက်ကနေ ၁၂၀ မမ တွေနဲ့လည်း ပစ်ခတ်တယ်။ လေယာဉ်နဲ့ဗုံးကြဲတာက ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့တာပေါ့။ အဲဒီလို ကြဲချလို့ မင်းတန်း ကျေးရွာအတွင်းက နွား ၄ ကောင် သေဆုံးပြီးနေအိမ် ၄ လုံး အိမ်လုံးကျွတ် မီးလောင်ခဲ့တယ်ဗျ။ နောက်ပြီး အိမ်အလုံး ၂၀ ဝန်းကျင်ကတော့ ဗုံးစတွေ ထိမှန်ပြီး ပျက်စီးခဲ့တယ်” လို့ ပြောပါတယ်။

မြောင်နယ်အတွင်းမှာ မေလဆန်း ၁ ရက်‌နေ့ကစလို့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် မင်းတန်းရွာ၊ နေပူကုန်းရွာ အပါအဝင် ကျေးရွာ ၁၀ ရွာက ပြည်သူ‌ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013