DVB Logo
Home
Lead Story
မြ၀တီမြို့တွင် နေ့ခင်း ၁၂ နာရီ ချိန်ကိုက်ထားသည့်ဗုံး တွေ့
DVB
·
September 16, 2014
မြ၀တီမြို့တွင် နေ့ခင်း ၁၂ နာရီ ချိန်ကိုက်ထားသည့်ဗုံး တွေ့
1 / 2
Donate to DVB

မြ၀တီမြို့ ၄ ရပ်ကွက်ရှိ မြို့နယ်တရားရုံးနဲ့ စီးပွားရေးဘဏ်အနီးမှာ အိတ်အမည်းရောင်နဲ့ ထုတ်ထားတဲ့ ဗုံးတလုံးကို ဒီနေ့မနက် တွေ့ရှိခဲ့ပါတယ်။

10672248_770717642966738_5154718197872878537_nမနက်  ၈ နာရီ  ၄၅ မိနစ်လောက်  လက်ဖက် ရည် ရောင်းဖို့အတွက် သန့်ရှင်းရေးလုပ်တဲ့ ဆိုင်ရှင်က မသင်္ကာဖွယ် အိတ်အ မည်းရောင် တွေ့ခဲ့ တဲ့အတွက် မြ၀တီ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။

10696267_770717646300071_8958008621991790104_nရဲတပ်ဖွဲက လာရောက် စစ်ဆေး ခဲ့ရာ ပေါက်ကွဲစေ တတ်တဲ့ဗုံး ဖြစ်တဲ့အတွက် အမှတ် ၉၀၄ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းကို အကြောင်းကြားခဲ့တဲ့အတွက် လာရောက် ရှင်းလင်းသွားခဲ့ပါတယ်။

ဗုံးကို ဖောက်ခွဲဖို့ နေ့ခင်း ၁၂ နာရီကို ချိန်ကိုက်ထားတာ လို့ မြ၀တီခရိုင်ရဲတပ်ဖွဲ့  ဒုတိယရဲမှူးကြီးအောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့မှာလည်း မြ၀တီမြို့ ၁ ရပ်ကွက်က ကားပစ္စည်း အရောင်းဆိုင်ရှေ့မှာ ဗုံးတွေ့ရှိခဲ့တဲ့အတွက် သက်ဆိုင်ရာကို အကြောင်းကြားခဲ့လို့ သင်္ကန်းညီနောင် အခြေစိုက် ဗျုဟာမှူးက ဦးစီးပြီး စစ်မြေပြင် အင်ဂျင်နီယာတပ်ကနေ လာရောက် ရှင်းလင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013