DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်က ဘာသာပေါင်းစုံအဖွဲ့ကို မြေ ၂ ဧကစီပေးသည့်ကိစ္စ ပြန်ရုပ်သိမ်းရန် မဘသ တောင်းဆို
DVB
·
May 4, 2024
စစ်ခေါင်းဆောင်က ဘာသာပေါင်းစုံအဖွဲ့ကို မြေ ၂ ဧကစီပေးသည့်ကိစ္စ ပြန်ရုပ်သိမ်းရန် မဘသ တောင်းဆို
Donate to DVB

နေပြည်တော်မှာ ဘာသာရေးအဆောက်အဦတွေ ဆောက်လုပ်နိုင်ဖို့အတွက် စစ်ခေါင်းဆောင်က  ဘာသာပေါင်းစုံအဖွဲ့ကို မြေ ၂ ဧကစီပေးတဲ့ကိစ္စ ပြန်လည်စိစစ်ကာ ရုပ်သိမ်းပေးဖို့ အမျိုးသားရေးလှုပ်ရှားသူတွေက မေ ၃ ရက်မှာ  ကန့်ကွက်စာထုတ် တောင်းဆိုလိုက်ပါတယ်။

နေပြည်တော်ကို ဘာသာပေါင်းစုံကိုယ်စားပြုနေရာဖြစ်ပါ်လာရေးအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က  မြေပေးမိန့်ထုတ်ပေးခဲ့တာမှာ အစ္စလာမ်ဘာသာဝင်တွေကိုပါ ပေးခဲ့တဲ့အတွက် ပြန်လည် စီစစ်ရုပ်သိမ်းပေးဖို့ မျိုးချစ်သမဂ္ဂအင်အားစု(မွန်ပြည်နယ်)က ထုတ်ပြန်ပါတယ်။ 

အမျိုးသားရေးလှုပ်ရှားသူတဦးက "မာရဝီဇယဘုရားကြီးရှိတဲ့ နေရာမှာ ဗလီတွေ လာဆောက်မှာ မလိုချင်ဘူး။ နေပြည်တော်လို နေရာမျိုးမှာ  တခြားဘာသာရေးအဆောက်အဦတွေ ဆောက်ခွင့်မပြုဖို့ အထူးသဖြင့် ဗလီတွေဆောက်ခွင့်မပြုဖို့ ကန့်ကွက်သွားမှာ။ လိုအပ်လာရင် ဆန္ဒပြဖို့အထိ ဆုံးဖြတ်ထားကြတယ်" လို့ ပြောပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္မူသီရိမြို့နယ်မှာ ဧပြီ ၁၂ ရက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ၊ ကတ်သလစ်ခရစ်ယာန်၊၊ နှစ်ခြင်းခရစ်ယာန်၊ အင်္ဂလိကန်ခရစ်ယာန်၊ ဆွန်နီအစ္စလာမ်၊ ရှီယာအစ္စလာမ်၊ ဟိန္ဒူဘာသာတို့မှ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံကာ ဘာသာရေးအဆောက်အဦတွေ ဆောက်လုပ်ဖို့  မြေ ၂ ဧကစီပေးခဲ့တာဖြစ်တယ်လို့ သာသနာရေးနဲ့ နီးစပ်သူတဦးက  ပြောပါတယ်။

"ဗုဒ္ဓဘာသာက တနေရာ၊ ဟိန္ဒူက တနေရာ ခရစ်ယာန်က သုံးနေရာ ၆ ဧက၊ အစ္စလာမ်က နှစ်နေရာ ၅ ဧက ပေးတယ်။ ဟိန္ဒူကို ဒက္ခိဏသီရိဘက်မှာ ပေးတယ်။ အစ္စလာမ်တွေ ပျဥ်းမနားမှာပေးတယ်။ အမျိုးသားရေးလှုပ်ရှားသူတွေက ဗုဒ္ဓဘာသာကလွဲလို့ ကျန်တဲ့ ဘာသာတွေပေးတာ အမြင်မကြည်ဘူး။ အဲဒီထဲမှာ အစ္စလာမ်ဘာသာဝင်တွေကို ပေးတာကို ကန့်ကွက်တာ။”

နေပြည်တော်ကောင်စီနယ်မြေမှာ ခရစ်ယာန်ဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်နဲ့ ဟိန္ဒူဘာသာဝင်တွေ နည်းပါးတဲ့အတွက် ဘာသာပေါင်းစုံနေထိုင်တဲ့ နေရာတခုဖြစ်အောင်ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်က ဧပြီ ၁၂ ရက်မှာ ပြောပါတယ်။

စစ်ခေါင်းဆောင်ကိုယ်တိုင် ဒီလိုပြောဆိုခဲ့ပေမဲ့ မြေပေးမိန့်ကို ပြန်ရုပ်သိမ်းပေးဖို့ အမျိုးသားရေးလှုပ်ရှားသူတွေက ထုတ်ပြန်လာတာဖြစ်ပြီး ကန့်ကွက် ဆန္ဒပြဖို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လှုံဆော်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး ဖိနှိပ်မှု   အဆိုးရွားဆုံးနိုင်ငံ တနိုင်ငံအဖြစ် အမေရိကန်အစိုးရရဲ့ နှစ်ပတ်လည်အစီရင်ခံစာတွေမှာ အမြဲလိုလို ထည့်သွင်းဖော်ပြခံရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013