DVB Logo
Home
Lead Story
နိုင်ငံရေးမူဘောင်နှင့် ပတ်သက်၍ ဒေါက်တာအေးမောင်ကို မေးမြန်းချက်
DVB
·
September 15, 2014
နိုင်ငံရေးမူဘောင်နှင့် ပတ်သက်၍ ဒေါက်တာအေးမောင်ကို မေးမြန်းချက်
Donate to DVB

နိုင်ငံရေးမူဘောင်တရပ် ပေါ်ထွန်းရေးအတွက် တရားဝင်နိုင်ငံရေးပါတီတွေ စုစည်းဆွေးနွေးပွဲကို အဓိက နိုင်ငံရေးပါတီကြီး ၂ ခု ဖြစ်တဲ့ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ပါဝင်တက်ရောက်ခြင်းမရှိကြပါဘူး။

ရန်ကုန်မြို့ ဂရင်းဟီးလ်(Green Hill) ဟိုတယ်မှာ စက်တင်ဘာ ၁၃ နဲ့ ၁၄ ရက်နေ့တွေမှာ ကျင်းပတဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီက ဒုတိယခေါင်းဆောင်နဲ့ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာအေးမောင်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

ရန်ကုန်မှာ ကျင်းပတဲ့ နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲမှာ နိုင်ငံရးပါတီ ၆၇ ပါတီအနက်က နေပြီေးတာ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ယူအန်အေ (ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့) က ဦးခွန်ထွန်းဦးတို့လို ပုဂ္ဂိုလ်မျိုးတွေ မပါဘူး။ အဲဒီတော့ တခုခုများ လွဲနေလား။ ဘာတွေများ လွဲတယ်လို့ သုံးသပ်မိသလဲ။

“ကျနော့်အမြင် ပြောတာနော်။ စစ်အေးတိုက်ပွဲတုန်းက bloc (အုပ်စု) လေးတွေ ရှိတယ်လေ။ အရှေ့နဲ့ အနောက်အုပ်စုပေါ့။ ဒါလေးတွေ ရှိတာပေါ့။ ခုလည်း ကျနော်ထင်တယ်။ အုပ်စုလေးတွေ ရှိတာပေါ့။ တနည်းအားဖြင့်ဗျာ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်တဲ့ အုပ်စုလေးတွေ ရှိပါတယ်။ အဲလိုပဲ ၁၉၉၀ ရွေးကောက်ပွဲကို ၀င်ခဲ့တဲ့ အုပ်စု ရှိတာပေါ့။ တနည်းအားဖြင့် ၂၀၁၀ ဆိုရင်

[caption id="attachment_34174" align="alignright" width="300"]ဒေါကျတာ အေးမောငျ ဒေါကျတာ အေးမောငျ[/caption]

အကြမ်းအားဖြင့် ယူအက်စ်ဒီပီ နဲ့ နွှယ်တယ်လို့ အများစုက သတ်မှတ်ကြတယ်။ ၁၉၉၀ ဆိုရင် အန်အယ်လ်ဒီနဲ့ နွှယ် တယ်လို့ သတ်မှတ်တာပေါ့။ ပွင့်ပွင့်လင်း လင်း ဆွေးနွေးရရင် အခု လက်ရှိ ငြိမ်းချမ်းမှုနဲ့ မငြိမ်းချမ်း မှုပေါ့။ ပြည် တွင်းငြိမ်းချမ်းရေးပြဿ   နာက ကျနော်တို့ မြင်တာကတော့ ဘက်နှစ်ဘက် ဖြစ်တာပေါ့။ အုပ်ချုပ်တဲ့အစိုးရရဲ့ အောက်မှာရှိတဲ့ (တနည်းအားဖြင့်) အုပ်ချုပ်တဲ့အစိုးရရဲ့ အထက်မှာရှိတဲ့ တပ်မတော်၊ မြန်မာ့တပ်မတော်နဲ့ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့။ အဲဒီတော့ ဒီ ဘက်နှစ်ဘက်နဲ့ ပတ်သက်လို့ ကျနော်တို့ ကြည့်တဲ့အခါမှာ တော်တော်လေး ဆွေးနွေးပြီးကြပြီ။ ဆွေးနွေးပြီးကြတော့ တဖက်က နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ဆိုတာကို  တဖက်နဲ့ တဖက်ဆီက သူ့ဟာသူ ချထားတာ ရှိတယ်။ ချထားတာ ရှိတော့ အစိုးရနဲ့ ပတ်သက်တဲ့ပုဂ္ဂိုလ်တွေကလည်း မူဘောင်တခု ချတယ်လို့ သုံးသပ်တယ်။ အန်စီစီတီနဲ့ နွှယ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း မူဘောင်တခု ချတယ်လို့ ပြောတယ်။ အဲဒီတော့ နိုင်ငံရေးပါတီများဆိုတဲ့ များရာစုက လွတ်နေတာပေါ့။ တတိယအင်အားစု ဖြစ်နေတာပေါ့။ တနည်းအားဖြင့် ကြားခံအဖွဲ့အစည်းသဘောကဲ့သို့ ငြိမ်းချမ်းရေးကို လိုလားတဲ့အဖွဲ့အစည်း ဖြစ်တာပေါ့။ ဆိုတဲ့အခါမှာ ကျနော် ထင်တယ်လေ။ အန်စီစီတီနဲ့ ပတ်သက်တဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်မတော်တွေကော။ ဒီဘက်က အစိုးရကော ကြားခံအဖွဲ့အစည်းတခုက တင်တဲ့ မူဘောင်လေးကို စိတ်ဝင်စားကြတယ် ထင်တယ်။ ကျနော်မြင်တာ။ အဲဒီအခါမှာ တိုင်းရင်းသားအပါအ၀င် ပြည်မမှာရှိတဲ့ နိုင်ငံရေးပါတီ လောလောဆယ် မှတ်ပုံတင်ထားတာ ၆၇ ပါတီ ရှိတယ်။ အန်အယ်လ်ဒီတို့၊ ယူအက်စ်ဒီပီတို့ အပါအ၀င်ပေါ့။ အဲဒီတော့ ကျနော်တို့ကြားတာက ပြီးခဲ့တဲ့ ကာလလေးမှာ အန်ဘီအက်ဖ်ပေါ့။ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်လာတဲ့ တိုင်းရင်းသားညီနောင်ဖက်ဒရေးရှင်း၊ သူတို့က ပါတီ ၂၀ လောက်ရှိပါတယ်။ နောက်တခါ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်တဲ့ အန်ဒီအက်ဖ်လို့ ပြောရမှာပေါ့။ ဦးဆောင်တဲ့ အက်ဖ်ဒီအေပေါ့။ Federal Democratic Alliance ပေါ့။ သူတို့က ၁၀ ပါတီ၊ ၁၁  ပါတီလောက် ရှိတယ်။ နောက် အန်ယူပီပေါ့။ တစည၊ ဟိုတုန်းက မဆလ တဖြစ်လဲပေါ့။ နောက် လယ်သမားပါတီ စသဖြင့်ပေါ့။ ၄ ဖွဲ့က ၃၃ ပါတီပေါ့။ သူတို့ စုစုပေါင်းလေ။ သူတို့က တိုင်းရင်းသားပါတီနဲ့ ပြည်မပါတီ  အားလုံး ၆၇ ပါတီ ဖိတ်ပြီးတော့မှ ဆွေးနွေးပွဲလေးပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရင် ဒိုင်ယာလော့ မူဘောင်လေးရအောင်ဆိုတဲ့သဘောနဲ့ ဆွေးနွေးပွဲ လုပ်ပါတယ်။ လုပ်တဲ့အခါမှာ အန်အယ်လ်ဒီနဲ့ နှီးနွ့ယ်တယ်လို့ သတ်မှတ်တဲ့ ဦးခွန်ထွန်းဦးတို့ အပါအ၀င်ပေါ့ဗျာ။ ၁၉၉၀ က ပုဂ္ဂိုလ်တွေ၊ စုစုပေါင်း ၁၀ ပါတီလောက် ထင်တယ်။ အန်အယ်လ်ဒီအပါအ၀င် မတက်ဖြစ်ဘူး။ ယူအက်စ်ဒီပီ မတက်ဖြစ်ဘူး။ ဒါကတော့ ကျနော်တို့ မြင်ကွင်းပါ။”

“၅၂ ပါတီက တက်ပါတယ်။ ၄ ပါတီကတော့ ဖုန်းနဲ့ပေါ့နော်။ ကျနော်တို့ဆုံးဖြတ်ချက်ကို လက်ခံတယ်ဆိုတော့ ၅၆ ပါတီ တက်တဲ့သဘော ဖြစ်သွားပါတယ်။ ကျန်တဲ့ အန်အယ်လ်ဒီ အပါအ၀င်ပေါ့။ အန်အယ်လ်ဒီနောက်ကရှိတဲ့ တိုင်းရင်းသားပါတီ မတက်ဘူး။ ယူအက်စ်ဒီပီ မတက်ဘူးဆိုတော့ ကျနော်တို့ ၅၆ ပါတီဘက်ကလည်း မူဘောင်တခုကို  ချပြတာလည်း ၂ မျိုးဖြစ်နေတာပေါ့လေ။ အက်ဖ်ဒီအေဘက်ကလည်း ၁ ခု တင်တယ်။ ဒီဘက် အန်ဘီအက်ဖ် ဘက်ကလည်း တခု တင်တယ်။ နောက် တခြားပါတီတွေကလည်း တင်ချင်ကြသေးတယ်ပေါ။ ဆိုတော့ ကျနော်တို့မြင်တာက ဒီနိုင်ငံရေးပါတီအားလုံးက မူဘောင်တခုပေါ။ frame work တခုကို တင်နိုင်မှ ဖြစ်တော့မယ်ဆိုတဲ့အခါမှာ ကျနော်တို့က အဲဒီ ၅၆  ပါတီက ၁၅ ဦင်္းပါတဲ့ မူဘောင် frame work ရေးတဲ့ကော်မတီတခုကို ဖွဲ့ပါတယ်။ အဲဒီကော်မတီကလည်းပဲ မိမိတို့ ရေးတဲ့ frame work လေးကို ၅၆ ပါတီကို ပြန်ချပြပြီးမှ အတည်ပြုပြီးတဲ့နောက်မှာ အန်အယ်လ်ဒီ ဦးဆောင်နိုင်ဖွယ်ရှိတဲ့ လက်ကျန်ပေါ့။ မပါဝင်သေးတဲ့ပါတီတွေဘက်က တင်ပြတဲ့ မူဘောင်တခုနဲ့ ထပ်ညှိဖို့ လိုပါတယ်။ ပြီးမှ နိုင်ငံရေးပါတီအားလုံး မှတ်ပုံတင်ထားတဲ့ပါတီများရဲ့ မူဘောင်တခုကို ကျနော်တို့ အန်စီစီတီ၊ ဒီဘက်က ယူပီဒဗလျူစီ ဖြစ်ပါတယ်၊ သူတို့ကို တင်ပြပြီးမှ ညှိနှိုင်းမယ်။ ညှိနှိုင်းတဲ့အခါမှာ နိုင်ငံတခုလုံးနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေးစကားပြောနိုင်တဲ့ Frame Work တခု ရလာနိုင်တယ်လို့ သုံးသပ်ပြီး ဆွေးနွေးကြတာ ဖြစ်ပါတယ်။”

တက်ရောက် ဆွေးနွေးတဲ့ နိုင်ငံရေးပါတီ ၅၂ ပါတီရဲ့ ရပ်တည်ချက်က ဖက်ဒရယ် ပြည်ထောင်စုလား ဒါမှမဟုတ် တပြည်ထောင် ပြည်ထောင်စုလားဆိုတာ သဲသဲကွဲကွဲ သိရလား။

“သဲသဲကွဲကွဲတော့ ကျနော် မသိခဲ့ရဘူး။ ကျနော်တို့ တိုင်းရင်သားပါတီများစွာနဲ့ ပြည်ပ အက်ဖ်ဒီအေတို့ကတော့ ဖက်ဒရယ်ပြည်ထောင်စုကို ကြွေးကြော်နေတာပေါ့လေ။ အန်ယူပီပေါ့။ တစည ကိုယ်တိုင်ကလည်း ဖက်ဒရယ်ပြည်ထောင်စုလို့ ကြွေးကြော်ပါတယ်။ အဲဒီတော့ ပါတီတိုင်းရဲ့ သဘောတရားကိုတော့ ကျနော်တို့ မသိခဲ့ရဘူးပေါ့။ ဒါကတော့ ကျနော်တို့ ပြောပြလို့ ရပါတယ်။”

၁၅ ဦးကော်မတီထဲမှာ ဒေါက်တာအေးမောင်တို့ ပါလား။

“ကျနော်တို့ အန်ဘီအက်ဖ်ကိုယ်စားပြုတဲ့ပါတီပေါင်း ၂၀ က ၄ ဦး ကျနော်တို့ အဲဒီအဖွဲ့ ကော်မတီမှာ ပါမှာပါ။ နောက် အက်ဖ်ဒီအေက ၃ ဦးပါ။ နာမည်ကတော့ မသတ်မှတ်ရ သေးပါဘူး။ အန်ယူပီက ၁ ဦး၊ လယ်သမားပါတီက ၁ ဦး၊ ကျန်တဲ့ပုဂ္ဂိုလ်တွေကိုတော့ဖြင့် by name နဲ့ သူတို့ ရွေးပေးကြပါတယ်။”

ပြည်ခိုင်ဖြိုးပါတီက ဘာဖြစ်လို့ မတက်တာလဲ။

အဲဒါတော့ ဖိတ်ကြားတဲ့ပုဂ္ဂိုလ်တွေ ပြန်ကြားချက် ရှိတယ်လို့တော့ ကျနော် မသိပါဘူး။ ဘာကြောင့် မတက်ဘူးဆိုတာတော့ ကျနော် မပြောတတ်ဘူး။ ဒါပေမယ့် တခုတော့ ရှိတာပေါ့။ ယူအက်စ်ဒီပီသည် ယူပီဒဗလျူစီနဲ့ ပတ်သက်ရင်လည်းပဲ ပါတယ်လို့ သုံးသပ်လို့ ရတာပေါ့။ အုပ်ချုပ်တဲ့အစိုးရနဲ့ သိတဲ့အတိုင်းပဲလေ။ ဒီဘက် ဦးဆောင်တဲ့အဖွဲ့အစည်းတိုင်းမှာ ပြည်ခိုင်ဖြိုးအရောင်အသွေးရှိတဲ့ ပုဂ္ဂိုလ်တွေ ပါကြတာပေါ့။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(ယူအန်အက်ဖ်စီ)နဲ့ ပြည်တွင်းက ညီညွတ်သောတိုင်းရင်းသားလူမျိုးများအဖွဲ့ (ယူအန်အေ) တို့က gentalman agreement ယူထားတယ်လို့ ကြားသိရတော့ သူတို့ ၂ ဇွဲ့က မူဝါဒချင်း တူတယ်လို့ ခန့်မှန်းလို့ ရနိုင်တာပေါ့။ မဟုတ်ဘူးလား။

ခန့်မှန်းရင်တော့ ရတာပေါ့လေ။ ဒါပေမယ့် တကယ့်တကယ် ဟုတ် မဟုတ်ကတော့ ဒက်ထိ ပြောဖို့ ခက်တာပေါ့။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013