DVB Logo
Home
မြန်မာသတင်း
တိုင်ဖုန်းမုန်တိုင်း မြန်မာကို ၀င်ရောက်နိုင်၊ မိုးသန်းထန်စွာ ရွာသွန်းမည်
DVB
·
September 16, 2014
တိုင်ဖုန်းမုန်တိုင်း မြန်မာကို ၀င်ရောက်နိုင်၊ မိုးသန်းထန်စွာ ရွာသွန်းမည်
Donate to DVB

တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်ကို ၀င်ရောက်နေတဲ့ တိုင်ဖုန်းမုန်တိုင်း (Kalmaegi) ကြောင့် မြန်မာပြည်မြောင်ပိုင်းမှာ မိုးသန်းထန်စွာရွာသွန်းနိုင်ပြီး ရေကြီးမြေမြပြိုမူတွေ သတိမူသင့်တယ်လို့ မိုးလေ၀သကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။

unnamedမိုးလေ၀သပညာ ရှင် ဒေါက်တာ ထွန်းလွင်က “အမေရိကန်မိုးလေ၀သ က မှန်းထားတာတော့ ဒီမုန်တိုင်းက မြန် မာနိုင်ငံ မြောက် ဖျားလောက် ရောက် လာနိုင် တယ်ပေါ့။ ဒါပေမယ့် စောင့်ကြည့်ရ မှာပေါ့။ အနောက်ဘက် လာရင် တောင် တန်းတွေ ပေါတော့လေ။ အဓိကတော့ မိုးပါပဲ။ လေတော့ နည်းနည်းပါးပါးပါမယ်၊ တောင်ပေါ်ဒေသဆိုတော့ မိုးတအားရွာရင် အန္တရာယ်ရှိတယ်။ လျှပ်တပြက်ရေကြီးတာနဲ့ မြေပြိုတာတွေကြောင့် တောင်စောင်းနေသူတွေ သတိနဲ့ နေဖို့လိုတာပေါ့” လို့ ပြောပါတယ်။

မြန်မာ မိုးလေ၀သနဲ.ဇလဗေဒညွှန်ကြားမူ ဦးစီးဌာနကလည်း ဒီတိုင်ဖုန်းမုန်တိုင်း ကို စောင့်ကြည့်နေပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းကို လေဖိအားနည်းရပ်ဝန်းအဖြစ် ၀င်ရောက်နိုင်သလို မိုးကြီးမှုကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲအန္တရယ်တွေ သတိပြုရမယ်လို့ မိုး/ဇလ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါတယ်။

တိုင်းဖုန်း Kalmaegi ဟာ ဟိုင်နန်ကျွန်း ကုန်းတွင်းပိုင်း ရောက်တဲ့အခါမှာ အားလျော့သွားခြင်းမရှိဘဲ အနောက်မြောက်ဘက်ကို ဆက်လက် ခရီးနှင်နေပြီး စက်တင်ဘာ ၁၈ ရက် မနက်အစောပိုင်း ၃ နာရီလောက်ကစပြီး မြန်မာနိုင်ငံအရှေ့ပိုင်းကို မုန်တိုင်းငယ်အဆင့်နဲ့ ချဉ်းကပ် ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း  ဒေါက်တာထွန်းလွင်က သူ့လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒီရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမူကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတချို့မှာ ရေကြီးမှုတွေ ဖြစ်ပွားခဲ့ပြီး ပြင်ဦးလွင်မြို့ ရပ်ကွက်တချို့လည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ၁၀ နှစ်အတွင်း မိုးရေချိန်စံချိန်သစ်ကြောင့် ရေနစ်မြုပ်ခဲ့ပါတယ်။

မိုး/ဇလ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးကတော့ မုတ်သုံဆုတ်ခွာချိန်ဖြစ်ပေမယ့် အရှေဘက်က လေပွေလိုင်း၊ တိုက်ဖွန်းမုန်တိုင်း အကြွင်းအကျန်တွေကြောင့် မိုးရွာသွန်းမူတွေ ဆက်ရှိနိုင်သေးတယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်မှာတော့ Kalmaegi မုန်တိုင်းကြောင့် လမ်းဘေး ကြော်ငြာဆိုင်းဘုတ်ကြီးတွေ၊ သစ်ပင်တွေလဲကျခဲ့ပြီး မြေအနိမ့်ပိုင်းနေ ဒေသခံတွေကို ဘေးကင်းရာကို ဟိုင်နန်ပြည်နယ် အစိုးရက ပြောင်းရွှေ့ပေးနေပါတယ်။ ဖိလစ်ပိုင်မှာလည်း ဒီမုန်တိုင်းကြောင့် အနည်းဆုံး သေဆုံးသူ ၁၀ ဦးလောက် ရှိခဲ့ပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013