DVB Logo
Home
Lead Story
သြဂုတ်လအတွင်း နိုင်ငံတ၀န်း လောင်းကစားမှု ၂၁၇ မှု ဖမ်းဆီးရမိ
DVB
·
September 16, 2014
သြဂုတ်လအတွင်း နိုင်ငံတ၀န်း လောင်းကစားမှု ၂၁၇ မှု ဖမ်းဆီးရမိ
1 / 2
Donate to DVB

သြဂုတ်လအတွင်း နိုင်ငံတ၀န်း နေပြည်တော်အပါအ၀င် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် လောင်းကစား ဖမ်းဆီမှုပေါင်း ၂၁၇ မှုနဲ့ တရားခံ ၄၇၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

7073_800211360031665_7339021818582453752_nလောင်းကစားမှုအမျိုးအစားတွေကတော့ ၂ လုံးထီအမှု ၁၀၇ မှုမှာ တရားခံ ၁၁၈ ဦး၊ ထိုင်းချဲထီအမှု ၃၁ မှုမှာ တရားခံ ၃၉ ဦး၊ ဖဲအမှု ၄၅ မှုမှာ တရားခံ ၂၁၄ ဦး၊ အခြားအမှု ၃၄ မှုမှာ တရားခံ ၁၀၆ ဦး ဖမ်းဆီးရမိခဲ့ပါတယ်။

ပြည်နယ်နဲ့ တိုင်းတွေအလိုက် လောင်းကစား ဖမ်းဆီးမိမှုက နေပြည်တော် ၁၁ မှု၊ ကချင် ၅ မှု၊ ကရင် ၂ မှု၊ စစ်ကိုင်း ၇ မှု၊ တနင်္သာရီ ၉ မှု၊ ပဲခူး ၄၁ မှု၊ မကွေး ၁၁ မှု၊ မန္တလေး ၃၇ မှု၊ မွန် ၉ မှု၊ ရန်ကုန် ၆၅ မှု၊ ရှမ်း ၅ မှုနဲ့ ဧရာဝတီ ၁၅ မှုတို့ ဖြစ်ပါတယ်။

လောင်းကစား စုစုပေါင်း ၂၁၇ မှုကနေ  လောင်းကြေးငွေ စုစုပေါင်း ၁၉၈၃၄၆၀၀ ကျပ် သိမ်းဆည်းမိတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013