DVB Logo
Home
အားကစား
အသင်းကမလိုအပ်ပါက ထွက်ခွာရန်စဉ်းစားမည်ဟု မန်ယူအသင်းခေါင်းဆောင်ဖာနန်ဒက်စ် ပြော
DVB
·
May 2, 2024
အသင်းကမလိုအပ်ပါက ထွက်ခွာရန်စဉ်းစားမည်ဟု မန်ယူအသင်းခေါင်းဆောင်ဖာနန်ဒက်စ် ပြော
Donate to DVB

မန်ယူအသင်းက မလိုအပ်တော့ဘူးဆိုရင် ထွက်ခွာဖို့ စဉ်းစားနိုင်ကြောင်း အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ပြောသွားပါတယ်။

မန်ယူအသင်းဟာလာမယ့် ဘောလုံးရာသီမှာ ကစားသမားပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ဆောင်ဖို့ ပြင်ဆင်ထားကြောင်း သတင်းထွက်ပေါ်လာချိန်မှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနိုင်ကြောင်း ပြောသွားခဲ့တာပါ။

ပေါ်တူဂီကွင်းလယ်ကစားသမားဟာ အခုနှစ်ရာသီမှာ ယူနိုက်တက်အတွက် ၄၅ ပွဲမှာ ၁၅ ဂိုးသွင်း ၁၁ ကြိမ်ဂိုး ဖန်တီးနိုင်ခဲ့သူပါ။

လက်ရှိအချိန်မှာ အက်ဖ်အေဖလား ရယူနိုင်ဖို့နဲ့  နိုင်ငံအသင်းနဲ့အတူ ယူရိုပြိုင်ပွဲ ယှဉ်ပြိုင်သွားဖို့သာ အာရုံစိုက်ထားပေမဲ့ အသင်းဘက်က မလိုအပ်ချိန်မှာ ထွက်ခွာဖို့ စဉ်းစားနိုင်တယ်လို့ ပြောပါတယ်။

လတ်တလောမှာတော့ အသင်းနဲ့ ပြဿနာ တစုံတရာ မရှိကြောင်းနဲ့ အသင်းမှာ ဆက်လက်ကစားနိုင်ဖို့က အသင်းအပေါ်မှာပဲမူတည်ကြောင်း ပေါ်တူဂီမီဒီယာတခုနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ဟာ မန်ယူနဲ့ ၂၀၂၆ ခုနှစ် ဇွန်လအထိ စာချုပ် ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013