DVB Logo
Home
မြန်မာသတင်း
နိုင်ငံရပ်ခြားကို အိမ်အကူစေလွှတ်မှု ယာယီ ရပ်ဆိုင်း
DVB
·
September 16, 2014
နိုင်ငံရပ်ခြားကို အိမ်အကူစေလွှတ်မှု  ယာယီ ရပ်ဆိုင်း
Donate to DVB

အလုပ်သမားရှာဖွေရေး အေဂျင်စီတွေနဲ့ အိမ်ဖော် စေလွှတ်ရေးဆိုင်ရာ သဘောတူညီချက် တွေကို ပြန်လည်ညှိနှိုင်းနေတဲ့အတွက် စင်ကာပူနဲ့ ဟောင်ကောင်ကို  အိမ်အကူ အလုပ်သမားတွေ  စေလွှတ်တာကို   ခေတ္တ ရပ်ဆိုင်းထားပါတယ်။

Photo - Reutersသက်ဆိုင်ရာနိုင်ငံတွေက အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အသင်းချုပ်တွေ နဲ့ မြန်မာ က အေဂျင်စီ အသင်းချုပ်တို့ ညှိနှိုင်း လက်မှတ်ရေး ထိုးခိုင်းတာတွေ မပြီးပြတ်သေးတဲ့အတွက်  သြဂုတ် လနှောင်းပိုင်းကနေ စတင်ပြီး အိမ်အကူလုပ်သား ပြည်ပ စေလွှတ်တာကို ယာယီ ရပ်ဆိုင်းထားတယ်လို့ အလုပ်သမားအလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနက ညွှန်ချုပ် ဦးမျိုးအောင်က ပြောပါတယ်။

ဒါတွေကို ပြီးပြတ်အောင် လုပ်ဆောင်ခိုင်းနေသလို ယာယီ ရပ်ဆိုင်းထားတဲ့ ကာလ အတိုင်းအတာကတော့ ဆုံးဖြတ်ချက် ချမှတ်တဲ့သူတွေပေါ်မှာ မူတည်တယ်လို့ သူက ပြောပါတယ်။

နိုင်ငံတကာကို  အိမ်ဖော်တွေ စေလွှတ်ဖို့ စဉ်းစားထားတာ မရှိပေမယ့် တချို့နိုင်ငံတွေမှာ သွားရောက် လုပ်ကိုင်တာတွေ ရှိနေသလို ပြဿနာတွေ ဖြစ်လာရင် ကွပ်ကဲရ လွယ်ကူတဲ့ နိုင်ငံငယ်တွေဖြစ်တဲ့ စင်ကာပူနဲ့ ဟောင်ကောင်ကိုသာ အိမ်ဖော်တွေ တရားဝင် စေလွှတ်သွားဖို့ ရှိတယ်လို့ ဦးမျိုးအောင်က ပြောပါတယ်။

လက်ရှိ အိမ်အကူတွေ ပို့ဆောင်ဖို့အတွက် အစိုးရအချင်းချင်း သဘောတူညီချက် ရယူဖို့ ကမ်းလှမ်းပေမယ့်လည်း တခြားနိုင်ငံ အစိုးရတွေက ဆက်သွယ်တာတွေ မရှိဘူးလို့လည်း ဆိုပါတယ်။

စင်ကာပူနိုင်ငံအခြေစိုက် အခြေခံ အလုပ်သမား လူတန်းစားတွေကို ကူညီနေသော လက်များအဖွဲ့ (Helping Hand for Migrant Workers in Singapore) က ဒေါ်ကစ်တီအေးမောင်ကတော့ သြဂုတ် ၂၈ ရက်နေ့က ရန်ကုန်မှာ ကျင်းပခဲ့တဲ့ အလုပ်ရုံ ဆွေးနွေးပွဲမှာ အိမ်အကူတွေကို ကာကွယ်မှုပေးဖို့နဲ့ တာဝန်ယူလုပ်ဆောင်ပေးဖို့ ဆိုတာတွေကို ပြည်ပအလုပ်အကိုင် အကျိုးဆောင် အသင်းချုပ်အနေနဲ့ နားလည်မှု စာချွန်လွှာမှာ ထည့်သွင်းပေးဖို့ ပြောဆိုခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အိမ်အကူတွေဟာ အေဂျင်စီအတွက် ပေးဆောင်ရတဲ့ အခကြေးငွေကလည်း ၃ လစာ လုပ်အားခ ပေးဆောင်ရတယ်လို့ သူက ပြောပါတယ်။ မြန်မာ အိမ်အကူတွေက ၁ လကို စင်ကာပူ ဒေါ်လာ ၄၅၀ လောက် ရတယ်လို့လည်း ဆိုပါတယ်။

စင်ကာပူနိုင်ငံမှာ မြန်မာအိမ်အကူလုပ်သားပေါင်း  ၃၅၀၀၀ ခန့်အလုပ်လုပ်ကိုင်နေသလို မြန်မာ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်က အိမ်ဖော်တွေကို ဈေးဝယ်စင်တာတွေမှာ ကုန်ပစ္စည်းလို  ကြော်ငြာ ရောင်းချတာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ မကြာသေးခင်က  ထွက်ပေါ်ခဲ့ဖူးပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013