DVB Logo
Home
မြန်မာသတင်း
သဲကုန်း သိမ်းဆည်းလယ်ယာကိစ္စ မှန်မှန်ကန်ကန် ဖြေရှင်းပေးရန် တောင်းဆို
DVB
·
September 15, 2014
သဲကုန်း သိမ်းဆည်းလယ်ယာကိစ္စ မှန်မှန်ကန်ကန် ဖြေရှင်းပေးရန် တောင်းဆို
Donate to DVB

ပဲခူးတိုင်း သဲကုန်းမြို့ အောင်ကုန်းကျေးရွာက သိမ်းဆည်းခံ လယ်မြေပြန် ရရှိရေး သပိတ်စခန်းဖွင့်  ဆန္ဒပြနေတဲ့ လယ်သမားတွေက ရန်ကုန်မြို့မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

[caption id="attachment_51723" align="alignleft" width="300"]လယ်မြေအသိမ်းခံရမှုကြောင့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အောင်ကုန်းရွာ လယ်သမားတွေ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေတာကို အာဏာပိုင်တွေက လာရောက် တားဆီးနေစဉ် လယ်မြေအသိမ်းခံရမှုကြောင့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အောင်ကုန်းရွာ လယ်သမားတွေ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေတာကို အာဏာပိုင်တွေက လာရောက် တားဆီးနေစဉ်[/caption]

ပဲခူးတိုင်း သဲကုန်းမြိုနယ်   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးအောင်က ရွာသားတွေရဲ့ သိမ်းဆည်းခံလယ်တွေ ကိစ္စ  လွှတ်တော် လယ်ယာမြေ စုံစမ်း စစ်ဆေးရေးကော်မရှင် ဆီ တင်ပြရမှာ မှန်ကန်မှုမရှိတဲ့အတွက် မီဒီယာတွေကို ရှင်းပြရတာလို့ သဲကုန်းတောင် သူတွေက သတင်းစာရှင်း လင်းပွဲမှာ ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က  ကြံ့ခိုင်ရေးပါတီ သဲကုန်းအမတ် ဦးစိုးအောင်က လယ်ယာမြေစုံစမ်း စစ်ဆေးရေးကော်မရှိဆီ တင်ပြရာမှာ သိမ်းဆည်းခံလယ်မြေ ၂၀၀ သာ တင် ပြခဲ့တာဖြစ်ပြီး အမှန်တကယ်တော့ တောင်သူတွေ မြေ ၂၀၀၀ လောက်သိမ်းဆည်းခံခဲ့ရတာလို့ သတင်းစာရှင်းလင်းပွဲမှာပါဝင်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အတွင်းရေးမှူး ကိုမင်းသွေးသစ်က ပြောပါတယ်။

သဲကုန်းမြို့နယ်  အောင်ကုန်းရွာက လယ်သမားတွေဟာ အသိမ်းခံရတဲ့ မြေတွေပြန်ရရှိရေး သဲကုန်းမြို့မှာ  သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြခဲ့ကြပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့က သပိတ်စခန်း ဖြိုခွင်းခံခဲ့ရပါတယ်။

မေလ ၁၄ ရက်နေ့မှာတော့  သူတိုရဲ့ သပိတ်စခန်းဖြိုးခွင့်ခဲ့ခြင်း ၃ လပြည်အနေနဲ့ ဆန္ဒပြကြ သလို သူတိုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဦးပေါက်စကို  အာဏာပိုင်တွေက ဖမ်းဆီးထားတဲ့အတွက် ပြန်လွှတ်ပေးဖို့ သဲကုန်းမြို့မှာ စီတန်လှည့်လည် တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

လက်ရှိမှာတော့ ဆန္ဒပြတဲ့ ရွာသား ကိုပေါက်စ၊ ဒေါ်ညို၊၊  ကိုမောင်ဝင်းတို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ (၅၀၅- ခ) နဲ့ တရားစွဲဆိုထားသလို ဒီဆန္ဒပြပွဲမှာ ပါဝင်ကူညီခဲ့တဲ့ ဗကသ အဖွဲ့ဝင် ကိုမင်းသွေးသစ်ကိုလည်း ပိုင်နက်ကျူးကျော်မှုနဲ့ တရားစွဲဆိုထားပါတယ။်

စက်တင်ဘာ ၁၆ ရက်နေ့မှာတော့ ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုထားသူတွေရဲ့ ရုံးချိန်းရှိတယ်လို့ တရားစွဲဆိုခံရသူတွေရဲ့ ရှေ့နေ ဦးမြင့်အေးက ပြောပါတယ်။

အောင်ကုန်းရွာက လယ်သမားတွေရဲ့ လယ်မြေဧက  ၁၁၀၀ ကျော်ကို ၂၀၀၀ ပြည့်နှစ်ကတည်းက စစ်တပ်က သိမ်းထားခဲ့ပြီး ဒီနောက်မှာတော့ လယ်ယာလက်ကား သမဝါယမ အသင်းအမှတ် ၃ လီမိတက်က လွှဲပြောင်းရယူခဲ့တာလို့ လယ်သမားတွေက ပြောပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013