DVB Logo
Home
နိုင်ငံတကာ
ဥရောပလုံခြုံရေးအတွက် အမေရိကန်ကို မှီခို၍မရတော့ဟု ပြင်သစ်သမ္မတ သတိပေး
DVB
·
April 26, 2024
ဥရောပလုံခြုံရေးအတွက် အမေရိကန်ကို မှီခို၍မရတော့ဟု ပြင်သစ်သမ္မတ သတိပေး
Donate to DVB

အမေရိကန်လုံခြုံရေးထီးရိပ်ဆိုတာ အတိတ်မှာကျန်ခဲ့ပြီဖြစ်ပြီး ဥရောပအနေနဲ့ ရှင်ကျန်ဖို့ ကိုယ်ပိုင်ယုံကြည်စိတ်ချရတဲ့ ကာကွယ်ရေးမဟာဗျူဟာ ဖန်တီးဖို့လိုတယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က သတိပေးလိုက်ပါတယ်။

မက်ခရွန်က“ဥရောပဟာ ရုရှားကနေ စွမ်းအင်နဲ့ ဓာတ်မြေဩဇာတွေ ဝယ်မယ်၊ တရုတ်မှာ ကုန်ထုတ်လုပ်မယ်၊ အမေရိကန်ကို လုံခြုံရေးအတွက် အားကိုးမယ်ဆိုတဲ့ခေတ် ကုန်သွားပါပြီ။ ကစားပွဲရဲ့ ဥပဒေ ပြောင်းလဲသွားပါပြီ” လို့ ဆော်ဘန်းတက္ကသိုလ်မှာ မိန့်ခွန်းပြောချိန် ထည့်ပြောသွားပါတယ်။

ဥရောပပါလီမန်ရွေးကောက်ပွဲတွေ မတိုင်မီ ၆ ပတ်အလိုမှာ မက်ခရွန်က ဥရောပတိုက်အတွက် မျှော်မှန်းချက်မိန့်ခွန်းကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဥရောပဟာ ကိုယ်ပိုင်ဒုံးကျည်ကာကွယ်ရေးစနစ်၊ မြေပြင်ပစ် တာဝေးဒုံးကျည်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပစ္စည်းတွေ လိုအပ်တယ်လို့ မက်ခရွန်က သုံးသပ်ပါတယ်။

“အမေရိကန်မှာ ဦးစားပေးချက် ၂ ခုရှိပါတယ်။ အမေရိက ပထမ၊ ဒါက တရားဝင်ပြောထားတာပါ၊ နောက်တချက် တရုတ်ပုစ္ဆာပါ။ ဥရောပက ပထဝီနိုင်ငံရေးအရ ဦးစားပေးမဟုတ်တော့တာ တော်တော်ကြာပါပြီ။ ကျနော်တို့အကြား မဟာမိတ်ဖြစ်တည်မှု ဘယ်လောက် အားကောင်းတယ်ပြောပြော နောက်ထပ်ဆယ်စုနှစ်များစွာလည်း ဒီလိုပဲ ဆက်ဖြစ်နေဖို့ ရှိပါတယ်” လို့ မက်ခရွန်က သတိပေးပါတယ်။

“ဥရောပဆိုတာလည်း သေမျိုးပါပဲ၊ သေဆုံးသွားနိုင်ပါတယ်။ ကျနော်တို့ရဲ့ ရွေးချယ်မှုတွေအပေါ် လုံးဝမှီတည်နေပါတယ်။ ဒါပေမဲ့ ဒီရွေးချယ်မှုတွေကို အခုလုပ်မှရပါမယ်” လို့ မက်ခရွန်က ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013