DVB Logo
Home
မြန်မာသတင်း
ဟင်္သာတတွင် အရပ်သား ၆ ဦးကို PDF ဟုစွပ်စွဲ ဖမ်းဆီး 
DVB
·
April 26, 2024
ဟင်္သာတတွင် အရပ်သား ၆ ဦးကို PDF ဟုစွပ်စွဲ ဖမ်းဆီး 
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ  အရပ်သား အမျိုးသား ၆ ဦးကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်တွေလို့စွပ်စွဲပြီး  စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အဲ့ဒီ အရပ်သား အမျိုးသား ၆ ဦးကို ဧပြီ ၂၂ ရက် စစ်ကောင်စီတပ်က စစ်ကား ၂ စီးနဲ့လာဖမ်းဆီးပြီး လက်ရှိမှာ ကွင်းကောက်တိုင်းဗဟို လေ့ကျင့်ရေး ၅ အတွင်းရှိ စစ်ကြော ရေးကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ 

ဟင်္သာတမြို့ခံတဦးက ''အဖမ်းခံရသူတွေက ဟင်္သာမြို့ပေါ်မှာနေကြတဲ့ သူတွေချည်းပဲ ဖြစ်ပါတယ်။ အသက် ၄၀ ကျော် အရွယ် ကိုစည်သူလပြည့် (ခေါ်)ဖိုးလပြည့် ဆိုသူတယောက်ကိုပဲ တိတိကျကျသိတယ်။ ကျန် ၅ ယောက်က ဟင်္သာတမြို့ပေါ်မှာ နေထိုင်သူတွေလို့ပဲသိ ရတယ်။ အမည်နဲ့ နေရပ်လိပ်စာ အတိအကျမသိရသေးဘူး”လို့ ပြောပါတယ်။ 

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတဦးက  “၂၃ ရက်အထိတော့ ကွင်းကောက် စစ်ကြောရေးကို ခေါ်သွား တယ်လို့ သိရတယ်။ တခုက စစ်ကြောရေးမှာပဲ ရှိနေသေးလား တခြားနေရာကို ဆက်ပြီးခေါ်သွားလားဆိုတာမသိရသေးဘူး။  အဖမ်းခံရသူတွေက လူငယ်အမျိုးသားတွေပါ။ ဒီနေ့ အထိ ပြန်လွတ်လာတယ်လို့ မကြားမိပါဘူး။ အခုအဖမ်းခံရသူ ၆ ယောက်က အရပ်သား ဒေသခံတွေပါ။ အဲ့ဒီ အဖမ်းခံရသူတွေကို စစ်ကောင်စီတပ်က လာဖမ်းတဲ့အချိန် ကလည်း ရိုက်နှက် လက်ပြန်ကြိုးတုပ် ဖမ်းသွားတာလို့သိရပြီး  မိသားစုတွေက ရဲစခန်းမှာ သွားစုံစမ်းပေမဲ့ စုံစမ်းလို့ မရတာကြောင့် စိုးရိမ် စိတ်ပူနေတယ်”လို့ ဆိုပါတယ်။ 

ဒါ့အပြင်စစ်ကောင်စီတပ်က အခုရက်ပိုင်းအတွင်း ဟင်္သာတမြို့နယ် ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ တောအုပ်တွေထဲမှာ တော်လှန်ရေးတပ် PDF တွေရောက်နေတယ်လို့ဆိုပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

Photo - Min Min

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013