DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက တန်ပြန်စစ်ဆင်ရေးအတွက် ဒရုန်းတပ်ဖွဲ့ စတင်အသုံးပြုလာ
DVB
·
April 24, 2024
စစ်ကောင်စီက တန်ပြန်စစ်ဆင်ရေးအတွက် ဒရုန်းတပ်ဖွဲ့ စတင်အသုံးပြုလာ
Donate to DVB

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ဖြစ်တဲ့ တိုက်ပွဲတွေမှာ တန်ပြန်စစ်ဆင်ရေးအတွက် ဒရုန်းတပ်ဖွဲ့ကို စတင်အသုံးပြုလာတယ်လို့ စစ်ဘက်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ ရုရှားဆီက ဒရုန်းနည်းပညာအကူအညီ တောင်းပြီးနောက် တရုတ်ထံမှ CH-4UAV မောင်းသူမဲ့လေယာဥ် (ဒရုန်း) တွေကိုဝယ်ယူကာ တန်ပြန်ထိုးစစ်ဆင်ဖို့ အရင်ဖွဲ့စည်းထားတဲ့ ဒရုန်းတပ်ဖွဲ့ကို အသုံးပြုလာတာလို့ စစ်ဘက်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ဒရုန်းတပ်က အရင်ကတည်းက ရှိပေမဲ့ သိပ်မသုံးဘူး၊ ကော့ကရိတ်တိုက်ပွဲကနေ စပြီးသုံးတာ။ ရုရှားဆီက နည်းပညာရပြီး ရုရှားပြန်အရာရှိတွေနဲ့ တပ်စုဖွဲ့ပြီးသုံးတာ။ မြဝတီနဲ့ ကော့ကရိတ်မှာဖြစ်တဲ့ တိုက်ပွဲတွေမှာ တရုတ်ကဝယ်ထားတဲ့ CH-CH4UAV ဒရုန်းတွေကို တပ်က ထုတ်သုံးလာတယ်။”

ဒရုန်းတပ်မကို ခြေမြန်တပ်မများနည်းတူ အရင်ကတည်းက ဖွဲ့စည်းထားတာဖြစ်ပြီး ဗိုလ်မှူးချုပ်တဦးက ဦးဆောင်ကာ နည်းပညာအရာရှိများစွာပါတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ၂၀၂၂ ခုမှ ၂၀၂၄ ခုအတွင်း ရုရှားနဲ့ ၂ ကြိမ်တိုင် ရုရှား-မြန်မာ ပူးတွဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးသင်တန်းတွေ ပြုလုပ်ခဲ့တာပါ။

အောင်ဇေယျစစ်ဆင်ရေးမှာ စစ်ကောင်စီတပ် အသုံးပြုခဲ့တဲ့ တရုတ်နိုင်ငံထုတ် CH-4UAV မောင်းသူမဲ့လေယာဥ် (ဒရုန်း) မှာ ကလပ်စတာဗုံးပဒေသာတွေ၊ ပဲ့ထိန်းဒုံးကျည်တွေ၊ ပဲ့ထိန်းဗုံးတွေ တပ်ဆင်နိုင်ပြီး ကင်းထောက်တာနဲ့ မြေပြင်တိုက်ခိုက်တာကို ပြုလုပ်နိုင်ပါတယ်။

CH-4UAV မောင်းသူမဲ့လေယာဥ် (ဒရုန်း) မှာ မီတာ ၅,၀၀၀၊ ပေ ၁၆,၀၀၀ ကျော် ပျံသန်းနိုင်ပြီး မိုင်အားဖြင့် ၃,၁၀၆ မိုင် ပျံသန်းနိုင်ကြောင်း၊ လေထဲမှာ နာရီ ၃၀ အထိ နေနိုင်ကာ အကွာအဝေး ၃၇၃ မိုင်အထိ ပစ်ခတ်နိုင်တယ်လို့ စစ်လော်ဘီချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်မှ ဗိုလ်ချုပ်ကြီးမိုးအောင်ဟာ လုံခြုံရေးကိစ္စရပ်တွေအတွက် ဧပြီ ၂၂ ရက်က ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီး ဒရုန်းတွေ ထပ်မံဝယ်ယူနေတာလို့ စစ်တပ်ရဲ့ သတင်းအရင်းအမြစ်အရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013