DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြို့နယ် ဆယ်ဇင်း ခမရ (၁၁၆) စခန်းကို KIA သိမ်းပိုက်
DVB
·
April 24, 2024
ဖားကန့်မြို့နယ် ဆယ်ဇင်း ခမရ (၁၁၆) စခန်းကို KIA သိမ်းပိုက်
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စုထဲ ဆယ်ဇင်းရွာအထက်နားမှာစခန်းချတဲ့ ခမရ (၁၁၆) စခန်းကို KIA၊ KPDF ပူးပေါင်းတပ်တွေက ရှင်းလင်းသိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဆယ်ဇင်းရဲစခန်းကို ဧပြီ ၉ ရက်မှာ KIA တပ်မဟာ ၉ နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး ၁၀ ရက်ကျော်အကြာ ဧပြီ ၂၄ ရက်နေ့မှာ စခန်းကုန်းကိုပါ ရှင်းလင်းလိုက်တာဖြစ်ပါတယ်။

“ဟုတ်တယ်။ ဆယ်ဇင်းစခန်းကုန်းကို မနေ့က ညမှာသိမ်းလိုက်ပြီ” လို့ ဖားကန့်ဒေသခံက DVB ကို အတည်ပြု ပြောပါတယ်။

ခမရ (၁၁၆) စခန်းကို ဧပြီ ၂၀ ရက်မှာစတင် ဝိုင်းပတ်တိုက်ခိုက်ခဲ့ပြီး ၄ ရက်အကြာ ဧပြီ ၂၄ ရက် နံနက်အစောပိုင်း ၁ နာရီ မထိုးခင်လောက်မှာ သိမ်းပိုက်နိုင်လို့ KIA ဘက်က စခန်းရှင်းလင်းရေးလုပ်နေပြီလို့ ဒေသအခြေစိုက် သတင်းဌာနတွေကလည်း ရေးသားကြပါတယ်။

ဒါကြောင့် KIO/ KIA သတင်းပြန်ကြားရေးတာဝန်ရှိသူဆီ DVB က ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဧပြီ ၂၄ ရက်၊ မနက်ပိုင်းအထိကတော့ လက်ခံဖြေဆိုတာမရှိသေးပါဘူး။

ဖားကန့်မှာ ဆက်လက်စစ်ရေးတင်းမာနေပြီး နမ္မဖြစ်ကျေးရွာ ပန်းတင်တံတားဂိတ်မှာလည်း ဒီမနက်ပစ်ခတ်မှု ဖြစ်ခဲ့သေးကြောင်း မြို့ခံတချို့ကပြောပေမယ့် အတိအကျကို DVB က ဆက်လက်စုံစမ်းနေတုန်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်က မြစ်ကြီးနား-ဖားကန့် လမ်းက ဝှေခါ စစ်ကောင်စီစခန်း၊ ဖေဖော်ဝါရီ ၃ ရက်နေ့က နန့်တိန် စစ်ကောင်စီစခန်း၊ မတ် ၅ ရက်နေ့က တာမခန်စစ်ကောင်စီ ရဲစခန်း၊ မတ် ၁၁ ရက်နေ့က ဖားကန့် ကသိုဏ်းတောင် စစ်ကောင်စီစခန်း၊ မတ် ၁၃ ရက်နေ့ ဖားကန့် နမ့်မှော် အနီးက တန်-၃၀၀၀ စစ်ကောင်စီစခန်း၊ ဧပြီ ၁၁ ရက်နေ့မှာ မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က နန့်ယားစခန်း တွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013