DVB Logo
Home
မြန်မာသတင်း
မြဝတီ ခလရ ၂၇၅ တပ်ရင်းအတွင်း KNA အကူအညီဖြင့် စစ်ကောင်စီအလံ လွှင့်တင်
DVB
·
April 24, 2024
မြဝတီ ခလရ ၂၇၅ တပ်ရင်းအတွင်း KNA အကူအညီဖြင့် စစ်ကောင်စီအလံ လွှင့်တင်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်းအတွင်း စစ်ကောင်စီတပ်က ကရင်အမျိုးသားတပ်မတော် (KNA) ရဲ့ အကူအညီနဲ့ စစ်ကောင်စီအလံ လွှင့်တင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

ဧပြီ ၂၃ ရက်က စစ်ကောင်စီက ခလရ ၂၇၅ တပ်ရင်းအတွင်းက ကရင်အမျိုးသားအလံကို ဖြုတ်ချပြီး စစ်ကောင်စီအလံတင်နိုင်ဖို့ နယ်ခြားစောင့် (BGF) အသွင်ပြောင်း ကရင်အမျိုးသား တပ်မတော် (KNA) ရဲ့ အကူအညီနဲ့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ခလရ ၂၇၅ တပ်ရင်းအတွင်း အလံမလွှင့်တင်မီ ဧပြီ ၂၁ ရက်ညက စစ်ကောင်စီတပ်ဘက်က KNLA ပူးပေါင်းစစ်ကြောင်းတွေ လုံခြုံရေးရယူထားတဲ့ ဂိတ်ကင်းနေရာကို ဒရုန်းဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ပူးပေါင်းအဖွဲ့က ယာယီနောက်ဆုတ်ပေးခဲ့ရပြီးနောက် စစ်ကောင်စီက အလံလွှင့်တင်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ခလရ ၂၇၅ က ကျနော်တို့သိမ်းပြီး ကရင်အလံတွေထောင်ပြီးမှ ပြန်ပြီး စကစအလံတွေ ထောင်တာ။ ဒရုန်းဗုံးကြဲလို့ ယာယီနောက်ဆုတ်ခဲ့ရချိန်မှာ ဖြစ်သွားတာ။ အနေအထားတွေ ပြောရရင် မြဝတီဂိတ်နားမှာ အကုန်လုံး စောင့်ကြပ်နေတာက BGF ပဲ ပြောရမယ်။ အသေးစိတ်တော့ ပြောလို့မရသေးဘူး။”

လက်ရှိမှာ ခလရ ၂၇၅ တပ်ရင်းအတွင်း လက်ရှိအချိန်အထိ စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲတာ မရှိသေးဘဲ ကရင်အမျိုးသားတပ်မတော် (KNA) တပ်တွေက တပ်စွဲနေတာလို့ နောက်ထပ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီအလံ လွှင့်တင်တဲ့ကိစ္စနဲ့ပတ်သက်လို့ ကရင်အမျိုးသားတပ်မတော် (KNA) ဘက်ကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။  

ဧပြီ ၁၀ ရက် ည ၁၀ နာရီက ခလရ ၂၇၅ တပ်ရင်းကို KNLA, PDF ပူးပေါင်းစစ်ကြောင်းတွေက အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါတယ်။

ဧပြီ ၁၅ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်ဘရာစစ်ကြောင်း၊ စစ်ကြောင်း ၁ က စစ်ကောင်စီအလံကို ဖြုတ်ချမီးရှို့ပြီး ကရင်အမျိုးသားအလံကို လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။

ဧပြီ ၁၂ ရက်ကစတင်ပြီး စစ်ကောင်စီက မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အောင်ဇေယျစစ်ဆင်ရေး အမည်နဲ့ စစ်သည်အင်အားလက်နက်အင်အား အများအပြားနဲ့ အာရှလမ်းအတိုင်း ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ကြိုးစားနေတာမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့  တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013