DVB Logo
Home
နိုင်ငံတကာ
တရုတ်ရေတပ် စစ်သင်္ဘောများပေါ် ပြည်သူများကို တက်ရောက်ကြည့်ရှုခွင့်ပြု
DVB
·
April 21, 2024
တရုတ်ရေတပ် စစ်သင်္ဘောများပေါ် ပြည်သူများကို တက်ရောက်ကြည့်ရှုခွင့်ပြု
Donate to DVB

တရုတ်ရေတပ်ဟာ ‘ဘက်စုံဝါဒ၊ တရားမျှတတဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ အုပ်ချုပ်ရေးကို ရည်ရွယ်တဲ့ အစည်းအဝေးတရပ်ကို ချင်းတောင်မှာ ဧပြီ ၂၀ ရက်ကစပြီး မကျင်းပမီ ပြည်သူတွေကို စစ်သင်္ဘောလေးစင်းပေါ် တက်ရောက်ကြည့်ရှုခွင့်ပြုခဲ့ပါတယ်။

အများသူငှာ ဝင်ရောက်ကြည့်ရှုခွင့်ပေးထားတဲ့ သင်္ဘောတွေထဲမှာ ရေငုပ်သင်္ဘော ကယ်ဆယ်ရေး သင်္ဘောတစ်စင်း၊ ပြည့်စုံတဲ့ ထောက်ပံ့ရေး သင်္ဘောတစ်စင်းနဲ့ ပဲ့ထိန်းဒုံးကျည်သုံး ဖျက်သင်္ဘော နှစ်စင်းတို့ ပါပါတယ်။

ဧပြီ ၂၃ ရက်မှာ ကျရောက်တဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်တည်ထောင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ အနောက်ပစိဖိတ်ရေတပ်ဆိုင်ရာ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ချင်းတောင်မှာ ဧပြီ ၂၂ ရက်မှာ ကျင်းပမှာပါ။ 

အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ ဆင်နွှဲတဲ့ စစ်ရေးလေ့ကျင့်မှု အတိုင်းအတာနဲ့ ဧရိယာတိုးချဲ့မှုဟာ အိမ်နီးချင်းနိုင်ငံတွေကို ခြိမ်းခြောက်လာပြီး တရုတ်ရဲ့ သတိထားမှုကို နှိုးဆော်ခဲ့တယ်လို့ ဗြိတိန်အခြေစိုက် တရုတ်သံရုံးက ရေတပ် သံမှူးဟောင်း ဆောင်ဝေတုန်းက ပြောခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုတွေကြားမှာ တရုတ်နှင့် အမေရိကန်တို့ကြား ထိတွေ့ ဆက်ဆံမှုတွေအတွက် အနီးကပ်စောင့်ကြည့်ရမယ့် နိုင်ငံခြားရေတပ်အရာရှိ နှစ်ပတ်လည် အစည်းအဝေးဟာ စစ်ဘက်ဆိုင်ရာ သံတမန်ရေးရာပြသမှု တရပ်လည်း ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်တခုလုံးနီးပါးကို တရုတ်က ပိုင်တယ်လို့ အခိုင်အမာ ပြောထားပြီး နှစ်စဉ် သင်္ဘောကူးသန်းရောင်းဝယ်ရေးမှာ အမေရိကန်ဒေါ်လာ ၃ ထရီလီယံကျော်ရှိတဲ့ လမ်းကြောင်းတခု တောင်းဆိုထားပါတယ်။ 

ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘရူနိုင်းတို့ကလည်း တောင်တရုတ်ပင်လယ်ရဲ့ အစိတ်အပိုင်းတချို့ကို သူတို့ပိုင်တယ်လို့ အပြိုင်အဆိုင် တောင်းဆိုထားတာပါ။ 

၂၀၁၆ ခုနှစ်မှာ နယ်သာလန်နိုင်ငံ သဟိတ်မြို့က အမြဲတမ်း အနုညာတ တရားရုံးက တရုတ်နိုင်ငံရဲ့ တောင်းဆိုချက်တွေဟာ ဥပဒေကြောင်းအရ အခြေအမြစ်မရှိဘူးလို့ ပြောကြားခဲ့ပြီး ဆုံးဖြတ်ချက်ကို တရုတ် ပြည်မကြီးအစိုးရက ပယ်ချခဲ့ပါတယ်။ 

Source/Photo - REUTERS/Florence

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013