DVB Logo
Home
နိုင်ငံတကာ
ရုရှား လေကြောင်းတိုက်ခိုက်မှုကြောင့် ၈ ဦး သေဆုံး၊ ဗုံးကြဲလေယာဉ်ကို ယူကရိန်း ပစ်ချ
DVB
·
April 21, 2024
ရုရှား လေကြောင်းတိုက်ခိုက်မှုကြောင့် ၈ ဦး သေဆုံး၊ ဗုံးကြဲလေယာဉ်ကို ယူကရိန်း ပစ်ချ
Donate to DVB

ယူကရိန်းနိုင်ငံအလယ်ပိုင်း နီပရို ပက်ထရော့ဗ်စ် ဒေသမှာ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေး ၂ ဦး အပါအဝင် လူ ၈ ဦး သေဆုံးခဲ့အပြီးမှာ တိုက်ခိုက်မှုမှာပါဝင်တဲ့ ရုရှားရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် တစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းအစိုးရက ထုတ်ပြန်ပါတယ်။

ဧပြီ ၁၉ ရက် အစောပိုင်းမှာ နီပရိုမြို့နဲ့ ပတ်ဝန်းကျင်ဒေသကို ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လူနေအဆောက်အအုံတွေနဲ့ ပင်မရထားဘူတာရုံ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ရုရှားဟာ အခုနောက်ပိုင်း ယူကရိန်းစွမ်းအင်စနစ်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတယ်ဆိုပေမဲ့ အရပ်သား သေဆုံးမှုရာနဲ့ချီပြီးရှိနေပါတယ်။

စစ်ပွဲကာလအတွင်းမှာ ပထမဆုံးအနေနဲ့ တိုက်ခိုက်မှုမှာ ပါဝင်တဲ့ Tu-22M3 မဟာဗျူဟာဗုံးကြဲလေယာဉ်တစ်စင်းကို ကီလိုမီတာ ၃၀၀ အကွာကနေ ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းထောက်လှမ်းရေးက ထုတ်ပြန်ပါတယ်။ 

အခုနှစ်အစောပိုင်းတုန်းက  ရုရှားရဲ့ A-50 ဝေဟင်ကင်းထောက်လေယာဉ်ကို ပစ်ချခဲ့သလို ပုံစံမျိုးပဲ ဗုံးကြဲလေယာဉ်ကို ပစ်ချနိုင်ခဲ့တာလို့ ယူကရိန်းဘက်က ဆိုပါတယ်။

သတင်းရင်းမြစ်တွေ အဆိုအရတော့  ဆိုဗီယက်ခေတ် မြေပြင်မှ ဝေဟင်ပစ် S-200 ဒုံးကျည်ကို ပြုပြင်ထားတဲ့ ဒုံးကျည်စနစ်ကို အသုံးပြုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ဗုံးကြဲလေယာဉ်တစင်း ပျက်ကျသွားတယ်လို့ အတည်ပြုပေမဲ့ စက်ချို့ယွင်းလို့ ပျက်ကျတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လေယာဉ်မှာ ပါဝင်တဲ့ အမှုထမ်း ၄ ဦးမှာ ၂ ဦးကို ကယ်ဆယ်နိုင်ပြီး တဦး သေဆုံးကာ နောက်တဦးကို ရှာဖွေဆဲလို့ ထုတ်ပြန်ထားပါတယ်။

 Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013