DVB Logo
Home
နိုင်ငံတကာ
မြောက်ဝင်ရိုးစွန်းသို့ အမြင့်ပေ ၃၄,၄၅၀ မှ လေထီးခုန်ပြီး ရုရှား ၃ ဦး ကမ္ဘာ့စံချိန်တင်
DVB
·
April 20, 2024
မြောက်ဝင်ရိုးစွန်းသို့ အမြင့်ပေ ၃၄,၄၅၀ မှ လေထီးခုန်ပြီး ရုရှား ၃ ဦး ကမ္ဘာ့စံချိန်တင်
Donate to DVB

ရုရှားနိုင်ငံသား ၃ ယောက် ပြီးခဲ့တဲ့အပတ်က ကမ္ဘာ့လေထုအထက်လွှာ အမြင့်ပေ ၃၄,၄၅၀  (မီတာ ၁၀,၅၀၀) ကနေ မြောက်ဝင်ရိုးစွန်းကို လေထီးခုန်ချပြီး ကမ္ဘာ့စံချိန်တင်ခဲ့တယ်လို့ စီစဉ်သူတွေက ရိုက်တာသတင်းဌာနကို ဧပြီ ၁၉ ရက်နေ့မှာ အတည်ပြုပါတယ်။ 

လေထီးခုန်ချမှုတခုတည်းတင် မဟုတ်ဘဲ အာတိတ်ဒေသမှာ အသုံးပြုဖို့ ဆက်သွယ်ရေးစနစ်သစ်ကိုပါ စမ်းသပ်မှုဖြစ်တယ်လို့ စီစဉ်သူတွေက ထုတ်ပြန်ပါတယ်။ 

မီခေးလ် ကော်နီယန်ကို၊ အလက်ဇန္ဒား လင်းနစ်၊  ဒန်းနစ် ယီဖရီမော့ဗ် တို့ ၃ ယောက်ဟာ အီလီယူရှင်-76 လေယာဉ်ပေါ်ကနေ ခုန်ချပြီး ၂ မိနစ်ခွဲကြာ အလွတ်ဆင်းခဲ့ပြီး မြေပြင်အထက် မီတာ ၁၀၀၀ ရောက်မှ လေထီးဖွင့်ခဲ့တယ်လို့သိရပါတယ်။ 

သူတို့ဆင်းသက်မှု ဗီဒီယိုကိုပါ မှတ်တမ်းတင်နိုင်ခဲ့ပြီး ၃ ယောက်စလုံး အပူပေးမျက်နှာစွပ်တွေ ဝတ်ထားပေမဲ့ ပါးတွေမှာ နှင်းကိုက်ဒဏ်ရာရတွေရခဲ့တယ်လို့ သိရပါတယ်။ 

သူတို့ဟာ ၁ နာရီ ကီလိုမီတာ ၃၀၀ နှုန်းလောက်နဲ့ ဆင်းသက်လာတာဖြစ်တဲ့အတွက် အနုတ် ၅၀ ဆဲလ်စီးယပ် ရှိတဲ့ ပတ်ဝန်းကျင်လေထုကို အနုတ် ၇၀ ဆဲလ်စီးယပ် လောက်အထိ အေးခဲတဲ့ပုံစံ ခံစားခဲ့ရတာပါ။ 

ရုရှားရဲ့ဘာနီယို ဝင်ရိုးစွန်းစခန်းအနီးမှာ ဆင်းသက်နိုင်ခဲ့ပြီး ဒီဇယ်မီးစက်တွေ နှိုးကာ ဂြိုဟ်တုနဲ့ ချိတ်ဆက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပစ္စည်းတွေကိုတော့ ကြိုတင်ပြီး လေယာဉ်နဲ့ သီးခြားချထားပေးတာ ဖြစ်ပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013