DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးမူဘောင် ထွက်ပေါ်ရန် ပါတီ ၅၀ ကျော်က ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး
DVB
·
September 13, 2014
နိုင်ငံရေးမူဘောင် ထွက်ပေါ်ရန် ပါတီ ၅၀ ကျော်က ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး
1 / 4
Donate to DVB

နိုင်ငံရေးမူဘောင်ထွက်ပေါ်ဖို့ အတွက်နိုင်ငံရေးပါတီ ၅၀ ကျော်က ခေါင်းဆောင်တွေ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးနေပါတယ်။

အပစ်အခတ်ရပ်ဆဲပြီး ပြုလုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာပါဝင်မယ့် နိုင်ငံရေးမူဘောင် အတွက် နိုင်ငံရေးပါတီတွေဘက်ကနေ နိုင်ငံရေးမူဘောင် တခုထုတ်ပြီး ပါဝင်ဆွေးနွေးဖို့အတွက် Green Hill ဟိုတယ်မှာ တွေ့ဆုံနေတာပါ။ ဒီဆွေးနွေးပွဲကို စက်တင်ဘာ ၁၃၊၁၄ ၂ ရက်ဆွေးနွေးမှာဖြစ်ပြီး ဒီကနေ့မှာတော့ ပထမရက်အဖြစ် ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။

တိုင်းရင်းသားပါတီ ၂၀ နဲ့ ဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်) ရဲ့ ပြောခွင့်ရသူ ဦးစိုင်းလှကျော် ကတော့ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ နိုင်ငံရေးပါတီတွေဘက်က အားလုံးသဘောတူမယ့် နိုင်ငံရေးမူဘောင်တခု တင်ပြဖို့ရှိအတွက် အလွတ်သဘော တွေ့ဆုံတာဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“နိုင်ငံရေးဆွေးနွေးပွဲကျရင် နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍက ၃ ပွင့်ဆိုင်မှာ တကယ့်အဓိက ကျလာမှာပေါ့။ အဲဒီတော့ ဒီ ၃ ပွင့်ဆိုင်ဆွေးနွေးတဲ့အခါမှာ နိုင်ငံရေးပါတီကလည်း တက်ညီလက်ညီ စုစုစည်းစည်းနဲ့ အားလုံးသဘောတူညီနိုင်မယ့် မူဘောင်ကို ဆွဲချင်တယ်။ အခု ၂ ခြမ်းကတော့ပြီးသွားပြီ။ ကျနော်တို့ နိုင်ငံရေးပါတီ အခြမ်းပဲ ကျန်တော့တယ်။ အဲဒီအတွက်ကို ကြိုပြီးတော့ အခုကတော့ အားလုံးရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးတယ်။ အလွတ်သဘော ဆွေးနွေးတယ်။ ဒီနေ့ကတော့ ငြိမ်းချမ်းရေးအတွက် ဘယ်လိုအမြင်သဘောထား ရှိသလဲဆိုတဲ့ ပါတီခေါင်းဆောင်တွေရဲ့ စကားသံကို ကျနော်တို့ နားထောင်တာ ဖြစ်တယ်။”

ဒီကနေ့ စတင်နေတဲ့ ဆွေးနွေးပွဲကို နိုင်ငံရေးပါတီ ၆၇ ပါတီကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမယ့်
လည်း ပါတီ ၅၃ ပါတီသာ တက်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီလည်း တက်ရောက်ခြင်း မရှိခဲ့ပါဘူး။

အမျိုးသား ဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ ကတော့ ဆွေးနွေးပွဲ ဆုံးဖြတ်ချက်တွေက ပါတီအားလုံး မတက်ရောက်ခဲ့တဲ့အတွက် ပါတီအားလုံးကို ကိုယ်စားမပြုနိုင် ပေမယ့် ပါတီအများစုသဘော တူအနေအထားရောက်အောင် ကြိုးစားသွားမယ် လို့ အခုလို ပြောပါတယ်။
“ပါတီအားလုံးကို ကိုယ်စားပြုနိုင်တယ်လို့ ပြောလို့ မရဘူးပေါ့။ ၆၈ ပါတီ ရှိတာ။ တချို့ကလည်း ခရီးဝေးလို့ မလာနိုင်ဘူး။ သဘောထားပေးတဲ့ အီးမေးလ်စာ ပို့ပေးတာ ရှိပါတယ်။ သို့သော်လည်း တမင်သက်သက် ရည်ရွယ်ချက်နဲ့ကို မလာတဲ့ ကိစ္စကတော့ ခွဲခြားစဉ်းစားရမှာပေါ့လေ။ သူတို့ ဘယ်လိုပဲ ခွဲခြားစဉ်းစား စဉ်းစား ပါတီအများစုကတော့ အပစ်အခတ်ရပ်စဲပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲတွေကို သွားရမယ့် သဘောမှာတော့ သဘောတူပြီးသား ဖြစ်မှာပါ။ အများစုကတော့ သဘောတူတဲ့ အနေအထားရောက်အောင် ဦးဆောင်သွားမှာပါ။ သဘောမတူဘူး၊ မလာတဲ့ဟာတော့ ဘာမှမတတ်နိုင်ဘူး၊ သူတို့ ဆန္ဒအတိုင်းပဲ။”

အပစ်အခတ်ရပ်ဆဲပြီးပြုလုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်မယ့် နိုင်ငံရေးမူဘောင် အတွက် နိုင်ငံရေးပါတီတွေဘက်ကနေ ဆွေးနွေးပွဲလုပ်နေသလိုပဲ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ)ကလည်း ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) အပါအ၀င် နိုင်ငံရေးပါတီ ၃၀ ကျော် တွေ့ဆုံခဲ့ပြီး နိုင်ငံရေး မူဘောင်အတွက် ပါဝင်ကြဖို့အတွက် ဖိတ်ခေါ်ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။


ဓာတ်ပုံ -ထွန်းထွန်းသိန်း
[gallery ids="64878,64879,64880,64881"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013