DVB Logo
Home
မြန်မာသတင်း
မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းဆွေးနွေး
DVB
·
September 13, 2014
မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းဆွေးနွေး
Donate to DVB

မြန်မာရွှေပြောင်းအလုပ်သမားအရေးနဲ့ ဒုက္ခသည်စခန်းနေ တိုင်းရင်းသားတွေအရေးနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၁၂ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။

[caption id="attachment_31305" align="alignright" width="300"]ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတဦး ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတဦး[/caption]မြန်မာရွှေ့ပြောင်းအလုပ်သမားနဲ့ ဒုက္ခသည်အရေးတို့နဲ့ ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ဒုတိယ၀န်ကြီးတို့က သူတို့ လုပ်ဆောင်ပေးနေတာတွေကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

ဝန်ကြီးဌာန ၃ ခုရဲ့ ရှင်းလင်းတင်ပြချက်တွေကို ဖလုံစဝေါ်ပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေးဝါးက အခုလို ပြောပါတယ်။

“အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဌာနကနေပြီး တဖက်နိုင်ငံမှာရှိတဲ့ အာဏာပိုင် အဖွဲ့အစည်း တွေနဲ့ ဘယ်လိုဆောင်ရွက်ပေးနေတဲ့အကြောင်းတွေပေါ့နော်။ ပြည်ထဲရေး ၀န်ကြီးတွေကလည်း ဒီအတိုင်းပဲ နိုင်ငံခြားရေးဝန်ကြီးဌာနတွေကလည်း တဖက်နိုင်ငံမှာရှိတဲ့ သံရုံးက တာဝန်ခံ ဆောင်ရွက်မှုတွေ ကူညီဆောင်ရွက်မှုတွေ ဗီဇာနဲ့ ပတ်သက်ပြီး လုပ်ပေးထားတာတွေ အကုန်လုံးက ကောင်းနေတယ်။ နယ်စပ်စခန်းတွေမှာ ထားရှိပေးတာတွေ ရော ကူညီဆောင်ရွက်ပေးတဲ့အပိုင်းပေါ့ အဲဒါတွေ ပြောသွားတာ။ ”

အဲ့ဒီနောက် လွှတ်တော်ကိုယ်စားလှယ် ၆ ယောက်က ၀န်ကြီးဌာနတွေရဲ့ ရှင်းလင်း တင်ပြချက်တွေကို ထောက်ပြဆွေးနွေးခဲ့ကြရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တနင်္သာရီတိုင်း လောင်းလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက ၀န်ကြီးဌာနတွေရဲ့ တင်ပြချက်ဟာ တကယ်လက်တွေ့ ဖြစ်နေတာတွေနဲ့ ကွဲပြားနေတယ်လို့ ဆွေးနွေးသွားခဲ့ပါတယ်။
“၀င်ငွေကောင်းစွာ ရရှိနိုင်တဲ့ အလုပ်ဖန်တီးပေးဖို့ အရေးကြီးပါတယ်။ အဓိက ထားဝယ်မှာ ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် ရှိပေမယ့် ဒီကနေ့အထိ ဘာအကောင်အထည်မှ မဖော်နိုင်သေးတဲ့ အခြေအနေ ရောက်ရှိနေပါတယ်။ တနင်္သာရီတိုင်းမှ အလုပ်လုပ်ကိုင်နိုင်တဲ့ လူငယ်အများစုက တဖက်နိုင်ငံအသီးသီးသို့ တရားမ၀င်သွားရောက် နေကြခြင်းသာ ဖြစ်ပါတယ်။ ဘယ်လိုမှ ပြန်ခေါ်လို့ မရပါဘူး။ ၀င်ငွေကောင်းစွာရရှိမယ့် အလုပ်တွေ ပေါ်လာမှသာ ပြန်လာကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ ၀န်ကြီးဌာန ၃ ခုက ဖြေရှင်းသွားတဲ့ ဖြေရှင်းချက်တွေဟာ ဒီကနေ့ လက်တွေ့နဲ့ လုံးဝ ကွာဟနေတယ်ဆိုတာကို တင်ပြချင်ပါတယ်။”

ဆွေးနွေးသူ နောက်တဦးဖြစ်တဲ့ သင်္ကန်းကျွန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ကတော့ ဥပဒေတွေပြင်ဆင်ရေးဆွဲဖို့ ထောက်ပြခဲ့တယ်လို့ ပြောပါတယ်။

“ပြည်ပအလုပ်အကိုင်ရှာဖွေရေး ဥပဒေတွေဟာ ၁၉၉၉ က ဆွဲထားတာ အခုချိန်မှာ ခေတ်မီတော့ဘူး။ နိုင်ငံသားတွေအကုန်လုံးကို ကူညီစောင့်ရှောက်ခွင့်ပေးရမယ့်အချိန်မှာ အခုလို တရားဝင်၊ တရားမ၀င်ဆိုတာ ကျနော်တို့က မခွဲခြားပဲနဲ့ ဆောင်ရွက်ပေးရမယ့် တာဝန်ရှိတယ်။ ချုပ်ပြောလိုက်ရင်တော့ ၀န်ကြီးဌာန တချို့က အနည်းနယ်ပဲ တိုးတက်လာတာပေါ့။ ဟိုမှာ ရှိတဲ့သူတွေကို သံရုံးတွေက တစုံတရာအကူအညီပေးတာ၊ ပြည်ထဲရေးက သက်ဆိုင်ရာ အစိုးရနဲ့ ညှိနှိုင်းပေးတာ၊ အလုပ်သမားဝန်ကြီးဌာနကတော့ သံအရာရှိ ပုဂ္ဂိုလ်တချို့လက်ထက်မှာ ဆောင်ရွက်ပေးတာကလွဲရင် ကျန်တာတွေက အင်မတန်ကြီးမားတဲ့ ပြဿ နာတွေကို ဆောင်ရွက်မှုက အင်မတန်မှ ဝေးတယ်ဆိုတာ ပြည်ထောင်စုလွှတ်တော် နာယကကြီးမှတဆင့် ပြည်ထောင်စုလွှတ်တော်မှာ ထောက်ပြပြီးတော့ ၀န်ကြီး ၃ ပါးရဲ့ ဖြေကြားချက်ကို ကျနော် မီးမောင်းထိုးပြခဲ့တယ်။”

မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ ဒုက္ခသည်စခန်းနေ မြန်မာပြည်သူတွေနဲ့ ပတ်သက်တဲ့ ရှင်းလင်းချက်နဲ့ ဆွေးနွေးချက်တွေကို လွှတ်တော်က မှတ်တမ်းထားရှိလိုက်ပါတယ်။

ဇူလိုင်လကုန်ပိုင်းက မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံ လာစဉ် ထိုင်းမြန်မာနယ်စပ်တကြောက ဒုက္ခသည် ၁ သိန်း ၃ သောင်းကို မိခင်နေရပ်ရင်းဆီ ပြန်လည်ပို့ ဆောင်မယ့်အစီအစဉ်ကို ထိုင်းစစ်ကောင်စီခေါင်းဆောင်တွေနဲ့ သဘောတူညီခဲ့ကြ ပါတယ်။

ဒါပေမယ့် တပြည်လုံးအပစ်ရပ်စဲရေး အထမမြောက်သေးတဲ့အပြင် မြေမြှုပ်မိုင်းရှင်းလင်းရေး အပါအ၀င် ပြန်လည်နေရချထားခံရမယ့်သူတွေအတွက် လိုအပ်တဲ့ ပြင်ဆင်တွေ မရှိသေးတာကြောင့် ဒုက္ခသည်တွေက အတင်းအကျပ်ပြန်ပို့ခံရမှာကို စိုးရိမ်ပူပန်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013