DVB Logo
Home
နိုင်ငံတကာ
ရုရှားစတိုင် ဥပဒေကြမ်းကြောင့် ဂျော်ဂျီယာလွှတ်တော်တွင် ထိုးပွဲဖြစ်
DVB
·
April 16, 2024
ရုရှားစတိုင် ဥပဒေကြမ်းကြောင့် ဂျော်ဂျီယာလွှတ်တော်တွင် ထိုးပွဲဖြစ်
Donate to DVB

ရုရှားနိုင်ငံမှာပြဋ္ဌာန်းခဲ့တဲ့ ဥပဒေနဲ့ဆင်တူတဲ့ “နိုင်ငံခြားအေးဂျင့်” ဥပဒေကြမ်းကို ဂျော်ဂျီယာနိုင်ငံ လွှတ်တော်ထဲမှာ ဆွေးနွေးနေတဲ့အချိန်  ဧပြီ ၁၅ ရက်က ထိုးကြိတ်မှုဖြစ်ပွားခဲ့သလို လွှတ်တော်ပြင်ပမှာလည်း လူထောင်ချီဆန္ဒပြခဲ့ကြပါတယ်။

ဂျော်ဂျီယာအိပ်မက်ပါတီက လွှတ်တော်အင်အားစုခေါင်းဆောင် မာမူကာအမ်ဒီနာရက်ဒ်ဇီက ဥပဒေကြမ်းနဲ့ပတ်သက်ပြီး တင်ပြနေချိန်မှာ အတိုက်အခံအမတ် အလက်ကို အီလီဆက်ရှ်ဗီလီက လက်သီးနဲ့ ဝင်ထိုးရာကနေ ရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်ပြီး ရုပ်သံထုတ်လွှင့်မှုပါ ရပ်ဆိုင်းခဲ့ရပါတယ်။

နိုင်ငံခြားက ရန်ပုံငွေလက်ခံတဲ့ အဖွဲ့အစည်းတွေဟာ နိုင်ငံခြားအေးဂျင့်တွေဖြစ်တယ်လို့ မှတ်ပုံတင်ရမှာ ဖြစ်ပြီး အဲဒီလိုမှတ်ပုံမတင်ထားရင် ဒဏ်ကြေးချနိုင်တဲ့ ဥပဒေကြမ်းကို ရုပ်သိမ်းပေးဖို့ အစိုးရကို ဆန္ဒပြတောင်းဆိုနေကြတာဖြစ်ပါတယ်။

ဆိုဗီယက်ခေတ်ကတည်းက တည်ဆောက်ထားတဲ့ ပါလီမန်အဆောက်အအုံပြင်ပမှာ ဆန္ဒပြသူ ၅၀၀၀ ကျော်လောက် စုဝေးခဲ့ကြပါတယ်။

ဒီဥပဒေဟာ ရုရှားမှာ အတိုက်အခံတွေကို နှိပ်ကွပ်ရင် သုံးတဲ့ ဥပဒေနဲ့ တူနေတဲ့အတွက် “ရုရှားဥပဒေ”လို့ ဝေဖန်သူတွေက တံဆိပ်ကပ်ကြပါတယ်။

ဆန္ဒပြမှုတွေကြောင့် ဒီဥပဒေကြမ်းကို လွန်ခဲ့တဲ့ ၁၃ လက ပြန်ရုပ်သိမ်းခဲ့ပေမဲ့အခုအခါမှာ အာဏာရ ဂျော်ဂျီယာအိပ်မက်ပါတီက ပြန်လည်တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဘီလီယံနာသူဌေးကြီး ဘစ်ဇီနာ အီဗာနစ်ရှ်ဗီလီရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ဂျော်ဂျီယာအိပ်မက်ပါတီဟာ ရုရှားနဲ့ ဆက်ဆံရေးကောင်းမွန်နေပေမဲ့ အီးယူနဲ့ နေတိုးကို ဝင်ရောက်ချင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013