DVB Logo
Home
မြန်မာသတင်း
ကလေးဝမြို့နယ်မှ ဒုရဲအုပ် ၁ ဦး လက်နက်များဖြင့် အလင်းဝင်
DVB
·
April 16, 2024
ကလေးဝမြို့နယ်မှ ဒုရဲအုပ် ၁ ဦး လက်နက်များဖြင့် အလင်းဝင်
Donate to DVB

ချင်းပြည်ကာကွယ်ရေးတပ်-ကလေး၊ ကဘော်၊ ဂန့်ဂေါထံ (CDF-KKG) ကလေးဝမြို့နယ်မှ ဒုရဲအုပ် တဦး လက်နက်တွေနဲ့ အလင်းဝင်ခဲ့တယ်လို့ CDF-KKG ထံက သိရပါတယ်။

ဒုရဲအုပ်ဟာ အသက် ၃၈ နှစ်အရွယ်ရှိပြီး ဧပြီ ၁၅ ရက်မှာ CDF-KKG ရဲဘော်တွေနဲ့ ဆက်သွယ်အလင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

သူနဲ့အတူ BA94 လက်နက် ၁ လက်၊ ကျည်ဘောက်  ၂ ခု၊ ကျည်ဆန်အတောင့် ၂၀၀၊ ခြောက်လုံးပြူး သေနတ် ၁ လက်၊ ကျည်ဆန်အတောင့် ၂၀၀ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

CDF-KKG ပြန်ကြားရေးတာဝန်ခံက“သူကတော့ ကျနော်တို့ရဲဘော်တွေဆီ ဖုန်းကနေပြီးတော့ပဲ ဆက်သွယ်ပြီး အလင်းဝင်လာတာပါ။ သူအပါအဝင် ပျူစောထီး တယောက်နဲ့ပါဆို ဒီနှစ်အတွင်း အလင်းဝင်လာတဲ့သူ ၆ ယောက်ရှိပါပြီ” လို့ ပြောပါတယ်။

အလင်းဝင်လာတဲ့ ဒုရဲအုပ်ကို CDF-KKG မှ ဆုငွေ ကျပ် သိန်း ၅၀ ချီးမြှင့်ထားပြီး သူသွားချင်တဲ့ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013