တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပါတီကျောင်းတော်က ဒုတိယကျောင်းအုပ်ကြီး ရှဲ့ချွန်းတောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ နိုဝင်ဘာ ၂ ရက်မှာ မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့တော်ဆီ ရောက်လာတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA က ဖော်ပြပါတယ်။
KCNA က ထုတ်လွှင့်ပြသတဲ့ ဗီဒီယိုဖိုင်ထဲမှာ ပြုံယမ်းနိုင်ငံတကာလေဆိပ်မှာ မြောက်ကိုရီးယား အရာရှိကြီးတွေကကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုနေတာကို တွေ့ရပါတယ်။
ကိုရီးယား အလုပ်သမားပါတီ ဗဟိုဝန်ထမ်းလေ့ကျင့်ရေးကျောင်းက ဒုတိယကျောင်းအုပ်ကြီး ကန်ဆောင်းအီနဲ့ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ယကျွန်း တို့က လေဆိပ်မှာ တရုတ်ကိုယ်စားလှယ်အဖွဲ့ကို လာကြိုခဲ့တယ်လို့ KCNA က ဆိုထားပါတယ်။
Source: Reuters











