DVB Logo
Home
နိုင်ငံတကာ
ထိန်းထိန်းသိမ်းသိမ်းလုပ်ကြရန် အီရန်နှင့် အစ္စရေးကို တရုတ်နှင့် ရုရှားတောင်းဆို
DVB
·
April 15, 2024
ထိန်းထိန်းသိမ်းသိမ်းလုပ်ကြရန် အီရန်နှင့် အစ္စရေးကို တရုတ်နှင့် ရုရှားတောင်းဆို
Donate to DVB

အီရန်က အစ္စရေးကို တိုက်ခိုက်ပြီးတဲ့နောက် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ ရုရှားနဲ့ တရုတ်တို့က ဧပြီ ၁၄ ရက်မှာ တောင်းဆိုလိုက်ပြီး  တင်းမာမှုတွေက အန္တရာယ်ရှိတယ်လို့ ဂျော်ဒန်ဝန်ကြီးချုပ် သတိပေး ပြောကြားလိုက်ပါတယ်။

အီရန်က သူ့လက်တုံ့ပြန်မှု အဆုံးသတ်ဖို့ စဉ်းစားထားပြီး နောက်ထပ် ပိုကျယ်ပြန့် ပြင်းထန်လာတာကို ရှောင်ဖို့ သူ့ရည်မှန်းချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အခိုင်အမာ ထုတ်​ပြောအပြီးမှာ တရုတ်က ခုလိုပြောလိုက်တာပါ။

အီရန်က အစ္စရေးပိုင်နက်အပေါ် ပထမဆုံး တိုက်ရိုက်တိုက်ခိုက်မှု အနေနဲ့ ဧပြီ ၁၃ ရက်က ဒုံးကျည်တွေ၊ ဖောက်ခွဲရေးဒရုန်းတွေကို အုပ်လိုက် ပစ်လွှတ်တိုက်ခိုက်ခဲ့လို့ အကြီးစား ကျယ်ပြန့်ပြင်းထန်တဲ့ စစ်ပွဲဖြစ်မယ့် အန္တရာယ် ပေါ်ပေါက်ခဲ့ပါတယ်။

အစ္စရေးက ဒမတ်စကတ် တိုက်ခိုက်မှုလို့ အီရန်ကခေါ်တဲ့ ဧပြီ ၁ ရက်က ဆီးရီးယားနိုင်ငံထဲက အီရန် ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်မှုအတွင်း အီရန် အကြီးတန်းတပ်မှူး ၂ ဦး အပါအဝင် အစောင့်တပ်ဖွဲ့အရာရှိ ၇ ဦး သေဆုံးခဲ့ပါတယ်။

ဒီအတွက် လက်တုံ့ပြန်မယ်လို့ အီရန်က ကတိပြုခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ အစ္စရေး ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်လို့လည်း ပြောပါတယ်။

အီရန်သံရုံးဝင်းကို အစ္စရေးရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်ဖို့ ကုလ လုံခြုံရေးကောင်စီက ကြိုးပမ်းချက်တွေကို အနောက်နိုင်ငံတွေက ပိတ်ဆို့ခဲ့တယ်လို့ ရုရှား နိုင်ငံခြား​ရေးဝန်ကြီးဌာနက အရင်က ပြောခဲ့ပါတယ်။

ဂျော်ဒန်ဝန်ကြီးချုပ် ဘစ်ရှား ခါဇာနီကလည်း ဒေသအတွင်း ဘယ်လိုတင်းမာတဲ့ အခြေအနေ အရှိန်အဟုန်မြှင့်မှုကမဆို အန္တရာယ်ရှိတဲ့ လမ်းကြောင်းတွေဆီ ဦးတည်သွားနိုင်တယ်လို့ ဧပြီ ၁၄ ရက်မှာ ပြောပါတယ်။

ပါဝင်ပတ်သက်သူအားလုံးက တင်းမာမှုတွေကို လျှော့ချဖို့လိုတယ်လို့လည်း တိုက်တွန်းပါတယ်။

နိုင်ငံရဲ့လုံခြုံရေးကို အန္တရာယ်ဖြစ်အောင် ကြိုးပမ်းတဲ့ ဘယ်သူ့ကိုမဆို ဂျော်ဒန်နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ထိပ်တိုက်ရင်ဆိုင်သွားမယ်လို့လည်း အစိုးရအဖွဲ့ အစည်းအဝေး တခုအတွင်း သူကပြောပါတယ်။

အီရန်ရဲ့ ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးနဲ့ လက်ဘနွန်တို့က သူတို့ရဲ့ လေပိုင်နက်ကို စနေနေ့ညမှာ ပိတ်လိုက်ပြီလို့ ပြောပါတယ်။

အီရန်နဲ့ အစ္စရေးကြားမှာ တည်ရှိပြီး အမေရိကန်ရဲ့ ခိုင်မာတဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့ ဂျော်ဒန်က သူ့ပိုင်နက်ကို ချိုးဖောက်တဲ့ ဒရုန်း ဒါမှမဟုတ် ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားဖို့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ အဆင်သင့်ရှိတယ်လို့ ဒေသတွင်း လုံခြုံရေးသတင်းရင်းမြစ် ၂ ခုက ပြောပါတယ်။

ဂျော်ဒန်မြို့ အများအပြားမှာ နေထိုင်သူတွေကလည်း ပြင်းထန်တဲ့ လေကြောင်းလှုပ်ရှားမှုတွေကို ကြားခဲ့ရတယ်လို့ ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013