DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့တတိယစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်အောင်လုပ်မည်ဟု မိုဒီ၏ပါတီ ကြွေးကြော်
DVB
·
April 14, 2024
ကမ္ဘာ့တတိယစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်အောင်လုပ်မည်ဟု မိုဒီ၏ပါတီ ကြွေးကြော်
Donate to DVB

အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီဟာ မိုဒီရဲ့ အာမခံချက်အမည်နဲ့ အာဏာရ ဘာရာတီယာဂျနာတာ ပါတီ (BJP) ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းကို ဧပြီ ၁၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။   

ဒီကြေညာစာတမ်းမှာ အိန္ဒိယကို ကမ္ဘာ့တတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်အောင် လုပ်ပေးမယ်လို့ ကြွေးကြော်ထားပါတယ်။ လက်ရှိကမ္ဘာမှာ ပဉ္စမမြောက် စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ ဖြစ်တဲ့ အိန္ဒိယအနေနဲ့ ဂျပန်နဲ့ ဂျာမနီကို ကျော်တက်နိုင်မှသာ အမေရိကန်နဲ့ တရုတ်နောက် ကမ္ဘာ့တတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာမှာပါ။ 

ကြေညာစာတမ်းမှာ ဟင်ဒီစကားအရ GYAN လို့ အတိုကောက်ခေါ်တဲ့ ဆင်းရဲသား၊ လူငယ်၊ လယ်သမား၊ အမျိုးသမီး ဆိုတဲ့ ဒေါက်တိုင် ၄ ခုအတွက် ဦးစားပေး မူဝါဒတွေ ဖော်ပြထားပါတယ်။

ဆင်းရဲသားတွေအတွက် စားနပ်ရိက္ခာ ရာရှင်ပေးတာ၊ ဓာတ်အား အခမဲ့ပေးတာ၊ အသက် ၇၀ အထက်တွေအတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ပေးတာတွေလို အခြေခံလူတန်းစားတွေကို ဆွဲဆောင်နိုင်မယ့် မူဝါဒအများအပြား ဖော်ပြထားပါတယ်။ 

ပြီးတော့ ဓာတ်ငွေ့ ဈေးချိုချိုနဲ့ပေးဖို့၊ အိမ်ရာတွေ တိုးချဲ့ဆောက်လုပ်ပေးဖို့၊ လူငယ် လုပ်ငန်းရှင်တွေအတွက် ချေးငွေတိုးပေးဖို့ စတဲ့မူဝါဒတွေလည်း ပါဝင်ပါတယ်။ 

ဟိန္ဒူ လက်ထပ်ထိမ်းမြားမှု ဥပဒေ၊ မွတ်စလင်ရှာရီအဟ် ဥပဒေတွေလိုမျိုး ဘာသာတရားအလိုက် ခွဲခြားထားတဲ့ တရားမ ဥပဒေတွေအစား တပြေးညီ တရားမဥပဒေတွေ သတ်မှတ်ဖို့လည်း ကတိပေးထားပါတယ်။ 

နောင်မှာ ရွေးကောက်ပွဲကိုလည်း လဝက်လောက် တဆင့်ချင်း မလုပ်ဘဲ တနေ့တည်း၊ ဒါမှမဟုတ် ရက်အနည်းငယ်တွင်း တပြိုင်နက်နီးပါး ကျင်းပဖို့လည်း ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။ 

BJP ပါတီဟာ ဧပြီ ၁၉ ရက်မှာ စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ ၃ ကြိမ် ဆက်တိုက်အနိုင်ရဖို့ မျှော်မှန်းထားပါတယ်။ 

အဆင့် ၇ ဆင့်နဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ဇွန် ၁ ရက်မှာ ပြီးစီးမှာဖြစ်ပြီး ဇွန် ၄ ရက်နေ့လောက်မှ ရလဒ်အတည်ပြုနိုင်ဖို့ ရှိပါတယ်။

Source/Photo -Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013