DVB Logo
Home
မြန်မာသတင်း
မင်းတပ်ကို ၃ လအတွင်း လေကြောင်းဖြင့် ၂၅ ကြိမ်တိုက်ခိုက်ခဲ့
DVB
·
April 14, 2024
မင်းတပ်ကို ၃ လအတွင်း လေကြောင်းဖြင့် ၂၅ ကြိမ်တိုက်ခိုက်ခဲ့
Donate to DVB

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တဝိုက်ကို ပြီးခဲ့တဲ့ ၃ လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် တော်လှန်ရေးရဲဘော်နဲ့ပြည်သူ ၁၀ ယောက် သေဆုံးပြီး ၂၂ ယောက် ဒဏ်ရာရခဲ့ရတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF-Mindat) က ဧပြီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မင်းတပ်မြို့နယ်ကို ၃ လတာအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူ့နေအိမ် ၃၄ လုံး၊ ဘုရားကျောင်းနဲ့ စာသင်ကျောင်း ၅ ဆောင်နဲ့ အောက်ချိုင်-လွေသာက စစ်ရှောင်စခန်းအားလုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မင်းတပ်ဒေသခံတယောက်က “အခုက လေကြောင်းကပစ်ရင် ရွာတွေကို ကင်းထောက်လေယာဉ်နဲ့ ကင်းထောက်ဒရုန်း တနေကုန် ပတ်ပြီးကြဲတာ။ မီးလောင်ဗုံးတွေပါလို့ လေကြောင်းအကြဲခံရတဲ့ ရွာတွေနားမှာ တောမီးလောင်တယ်” လို့ ပြောပါတယ်။

အခုနှစ် ၃ လတာအတွင်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု ၁၈ ကြိမ်ပြုလုပ်ခဲ့ပြီး ကလေး ၁ ယောက် အပါအဝင် ပြည်သူ ၉ ယောက် ဒဏ်ရာရသလို နေအိမ် ၈ လုံးလည်း ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့ကလည်း မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် ၁၃ အောက်ချိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဆင့်ပွားထပ်ဆင့်ပေါက်ကွဲစေတဲ့ ကလပ်စတာဗုံးနဲ့ တိုက်ခိုက်ခဲ့လို့ ပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဆလိုင်းယောမာန်က “ကြဲတဲ့ဗုံးခွံကြီးကို ကြည့်ပြီးမှ ကလပ်စတာလို့ ဆုံးဖြတ်လို့ရတာပါ။ ရွာနေရာအနှံ့မှာ ကွဲခဲ့တာကိုး။ ကလပ်စတာ သဘောက သူက ဖွင့်လိုက်ပြီဆိုတာနဲ့ စစ်ရေးပစ်မှတ်လား၊ ဘာသာရေး အဆောက်အအုံလား မခွဲတော့ဘူးလေ အကုန်ပေါက်ကွဲတာကိုး။ ဗုံးထဲမှာလည်း မီးလောင်ဗုံးတွေ ပါတယ်လို့ ခန့်မှန်းရတယ်။ အိမ်တွေ မီးလောင်တယ်၊ ရွာနားမှာလည်း တောမီးလောင်ပြီးမှ ရွာကိုပါ လောင်မလိုဖြစ်လို့ မီးငြှိမ်းရတယ်။ ကလပ်စတာဆိုတော့ ရွာအနှံ့ နေရာ ၂၀၊ ၃၀မှာ ပေါက်ကွဲခဲ့တာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်အတွင်းက လူသွားလူလာ လမ်းတွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတဲ့အတွက် ပြီးခဲ့တဲ့ ၃ လအတွင်း မိုင်းနင်းမိဒဏ်ရာရသူ ၃ ဦးအထိ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013