DVB Logo
Home
နိုင်ငံတကာ
အစ္စရေးကို အီရန်တိုက်ခိုက်ပြီးနောက် ကုလလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးကျင်းပ
DVB
·
April 14, 2024
အစ္စရေးကို အီရန်တိုက်ခိုက်ပြီးနောက် ကုလလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးကျင်းပ
Donate to DVB

အစ္စရေးနိုင်ငံအပေါ်  အီရန်က မကြုံစဖူး ဒရုန်းတွေ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးကို ဧပြီ ၁၄ ရက်မှာ ကျင်းပမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အီရန်ရဲ့ တိုက်ခိုက်မှုကို ရှုတ်ချပြီး အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ပေးဖို့ အစ္စရေးက တောင်းဆိုခဲ့ပါတယ်။

အခုလ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မော်လ်တာနိုင်ငံရဲ့ ပြောရေးဆိုခွင့်ရှိသူက လုံခြုံရေးကောင်စီဟာ အစည်းအဝေးကို ညနေ ၄ နာရီ၊ အစ္စရေး စံတော်ချိန် ည ၁၁ နာရီမှာ ကျင်းပဖို့ ရည်ရွယ်ထားတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

အီရန်က အစ္စရေးပိုင်နက်ကို ပထမဆုံး တိုက်ရိုက်တိုက်ခိုက်မှုအဖြစ် စနေနေ့နှောင်းပိုင်းမှာ ပေါက်ကွဲစေတတ်တဲ့ ဒရုန်းတွေ ဒုံးကျည်တွေ အစင်းရေ ၂၀၀ ကျော်နဲ့ အစ္စရေးကို ပစ်ခတ်ခဲ့ပြီး အမေရိကန်က အစ္စရေးကို ကျောထောက်နောက်ခံပေးမယ်လို့ ကတိပြုထားလို့ ဒေသတွင်း တင်းမာမှုတွေ ဖြစ်လာနိုင်ပါတယ်။ 

ဒါဇင်နဲ့ချီတဲ့ မြေပြင်မှ မြေပြင်ပစ် အီရန် ဒုံးကျည်အနည်းစုက အစ္စရေးကို ထိမှန်လို့ မိန်းကလေးတဦး ဒဏ်ရာရပြီး နိုင်ငံတောင်ပိုင်းမှာရှိတဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အဦတွေမှာ အပျက်အစီး အသေးအမွှားတွေ ဖြစ်ခဲ့တယ်လို့ အစ္စရေး စစ်တပ်ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ် ဒယ်နီရယ် ဟာဂါရီက ထပ်လောင်းပြောပါတယ်။ 

အီရတ်၊ လက်ဘနွန်၊ ဆီးရီးယား၊ ယီမင်နဲ့ အီရန် ကျောထောက်နောက်ခံပြု ဟားမတ်စ်တွေက အောက်တိုဘာ ၇ ရက်ကတည်းက အစ္စရေးနဲ့ အနောက်နိုင်ငံတွေရဲ့ ပစ်မှတ်တွေကို ကသောင်းကနင်း တိုက်ခိုက်နေချိန်မှာ အီရန်က တိုက်ခိုက်လာခဲ့တာပါ။ 

ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံတမန်က ကုလလုံခြုံရေးကောင်စီ ဥက္ကဋ္ဌဆီ ပေးစာထဲမှာ အီရန်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အစ္စရေးရဲ့ အချုပ်အခြာအာဏာကို ထင်ထင်ရှားရှား ချိုးဖောက်တာလို့ ခေါ်ဆို ဖော်ပြထားပါတယ်။

အစ္စရေးကို အီရန်က တိုက်ခိုက်မှုအတွက် အောင်ပွဲခံဖို့ အီရန်မြို့တော် တီဟီရန်မှာ ဧပြီ ၁၄ ရက်က အီရန်နိုင်ငံသားတွေ လမ်းပေါ်ဆင်းလာခဲ့ကြပါတယ်။

နိုင်ငံသားတချို့က ကားတွေ ပတ်မောင်းရင်း ကားဟွန်းတွေ တီးရင်း ပါဝင် ဆင်နွှဲသလို တချို့ကတော့ ပြတင်းပေါက်တွေကနေ အလံတွေကို ဝှေ့ယမ်းခဲ့ကြတာပါ။ တခြားသူတွေကတော့ ခြေကျင်လျှောက်ရင်း မီးရှူးမီးပန်းတွေ ပစ်လွှတ်ကြပြီး “အစ္စရေးတွေ သေပါစေ”လို့ ကြွေးကြော်ခဲ့ကြပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013