DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် ၆ ကြိမ်မြောက် အပစ်ရပ် ဆွေးနွေးရန် အန်စီစီတီ သဘောတူ
DVB
·
September 12, 2014
အစိုးရနှင့် ၆ ကြိမ်မြောက် အပစ်ရပ် ဆွေးနွေးရန် အန်စီစီတီ သဘောတူ
Donate to DVB

လာမယ့် စက်တင်ဘာ ၂၂ ရက်နေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ အစိုးရနဲ့ ၆ ကြိမ်မြောက် အပစ်ရပ် ဆွေးနွေးဖို့အတွက် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)ဘက်က မနေ့က သဘောတူခဲ့တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်း အကြံပေးအရာရှိ ဦးလှမောင်ရွှေက ဒီဗွီဘီကို ပြောပါတယ်။

NCCT 10092014(1“စက်တင်ဘာ ၂၂ ရက်နေ့မှာ စတင်ဆွေးနွေးဖို့အတွက် မနေ့က အန်စီစီတီက ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကို အကြောင်း ပြန်ပါတယ်။ အန်စီစီတီနဲ့တော့ ၆ ကြိမ်မြောက် ဆွေးနွေးတာပါ။ ဘယ်နှစ်ရက်ဆွေးနွေးမယ်ဆိုတာတော့ ထပ်ညှိရဦးမှာပါ။ တနိုင်ငံလုံး အပစ်ရပ်စာချုပ်အတွက် ကျန်တဲ့အချက်တွေ ဆွေးနွေးကြမှာပါ။”

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ)နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အတွက် ၅ ကြိမ်မြောက် တရားဝင် တွေ့ဆုံဆွေးနွေးပွဲကို မြန်မာငြိမ်းချမ်းရေး စင်တာမှာ ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ကလည်း လာမယ့် စက်တင်ဘာ ၂၂ ရက်မှာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖိုအတွက် အန်စီစီတီအဖွဲ့အတွင်း ညှိနိုင်းအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စက်တင်ဘာ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ဆွေးနွေးခဲ့ကြပါတယ်။

အစိုးရဘက်ကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အချောသတ် ဆွေးနွေးပြီးရင်  လာမယ့်  အောက်တိုဘာလကုန်ပိုင်းမှာ တနိုင်ငံလုံး အပစ်ရပ် လက်မှတ်ထိုးနိုင်ဖို့ မျှော်လင့်နေသလို ၂၀၁၅ ခုနှစ်ဆန်းပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ ရည်ရွယ်ချက်ထား ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013