DVB Logo
Home
နိုင်ငံတကာ
ဗင်နီဇွဲလားအတိုက်အခံ ခေါင်းဆောင် အသတ်ခံရမှု ဗင်နီဇွဲလားနိုင်ငံက အမိန့်ပေးဟု ချီလီ ပြော
DVB
·
April 13, 2024
ဗင်နီဇွဲလားအတိုက်အခံ ခေါင်းဆောင် အသတ်ခံရမှု ဗင်နီဇွဲလားနိုင်ငံက အမိန့်ပေးဟု ချီလီ ပြော
Donate to DVB

ချီလီနိုင်ငံရှိ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် တဦးကို ဖေဖော်ဝါရီတုန်းက ပြန်ပေးဆွဲ သတ်ဖြတ်မှုကို ဗင်နီဇွဲလားနိုင်ငံမှ အမိန့်ပေးထားတာဖြစ်ပြီး ဒါဟာ နိုင်ငံရေးကိစ္စ ဖြစ်ဖွယ်ရှိကြောင်း ချီလီအစိုးရရှေ့နေရုံးမှ သိရပါတယ်။ 

ဗင်နီဇွဲလားကို ထွက်ပြေးသွားတဲ့ သံသယရှိသူ ၂ ဦးကို လွှဲပြောင်းပေးအပ်ဖို့လည်း အစိုးရက  ကြိုးပမ်းမှာဖြစ်ပါတယ်။ 

ဖေဖော်ဝါရီ ၂၁ ရက် အစောပိုင်းမှာ ချီလီရဲတွေအဖြစ် ၀တ်ဆင်ထားတဲ့ အမျိုးသားတွေဟာ ဗင်နီဇွဲလား ဒုဗိုလ်ချုပ်ကြီးဟောင်း အသက် ၃၂ နှစ်ရှိ ရော်နလ် လီအန်ဒရို အိုဂျဲဒါကို အတွင်းခံ အဝတ်အစားတွေနဲ့ပဲ ဆန်တီယာဂိုရှိ သူ့တိုက်ခန်းကနေ ဆွဲထုတ်ခေါ်ဆောင်သွားကြောင်းကို လုံခြုံရေးကင်မရာ ဓာတ်ပုံတွေမှာ မြင်တွေ့ရပါတယ်။ 

ဗင်နီဇွဲလားအစိုးရကို ဆန့်ကျင်ဖို့ ကြံစည်မှုအတွက် နိုင်ငံတော် သစ္စာဖောက်မှုနဲ့ စွပ်စွဲခံထားရတဲ့ အိုဂျဲဒါရဲ့အလောင်းကို မတ်လ ၂ ရက်က ဆန်တီယာဂို ဆင်ခြေဖုံးရပ်ကွက်ရှိ ဘိလပ်မြေနဲ့ မြှုပ်ထားတဲ့ ခရီးဆောင်အိတ်အတွင်းမှာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ 

အမည်မဖော်ထားတဲ့ သံသယရှိသူတွေဟာ ဒီပြန်ပေးဆွဲမှုကို လုပ်ဆောင်ဖို့အမိန့်ကို ရရှိခဲ့တာ ဖြစ်တယ်လို့ ချီလီပြည်ထဲရေးဝန်ကြီး ကာရိုလိုင်းနားတိုဟာက ဧပြီ ၁၂ ရက်မှာ သတင်းထောက် တွေကို ပြောကြားခဲ့ပါတယ်။ 

ဖြစ်နိုင်ခြေအရှိဆုံး ယူဆချက်ကတော့ နိုင်ငံရေးအရ စေ့ဆော်မှု တစုံတရာ ရှိတယ်လို့ ဆိုပါတယ်။

ဧပြီ ၁၁ ရက်က ကာရာကာ့စ် မှာရှိတဲ့ ချီလီသံအမတ်ကို ပြန်ခေါ်ဖို့ ချီလီသမ္မတ ဂယ်ဘရီယယ် ဘောရစ်ရဲ့ ဆုံးဖြတ်ချက်ဟာ ဒီကိစ္စနဲ့ ဆက်စပ်နေတယ်လို့လည်း တိုဟာက ပြောပါတယ်။

တခြားသံသယရှိသူ ၂ ဦးကို လွှဲပြောင်းပေးရေး အပါအဝင် ဒီအမှုနဲ့ပတ်သက်ပြီး ဗင်နီဇွဲလားနိုင်ငံမှ အကူအညီ တောင်းခံထားကြောင်း ချီလီက ပြောကြားခဲ့ပါတယ်။ 

အိုဂျဲဒါအမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ လူ ၅ ဦးနဲ့ပတ်သက်တဲ့ အချက်အလက် အတွက် ချီလီနိုင်ငံမှ တောင်းဆိုချက်ကို လက်ခံရရှိထားကြောင်း ဗင်နီဇွဲလားရှေ့နေချုပ် တာရက်ခ် ဆာ့ဘ်က သောကြာနေ့က ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြခဲ့ပြီး သူတို့ကို လိုက်ရှာနေတယ်လို့ လည်း ဆိုထားပါတယ်။ 

ဆန်တီယာဂိုရဲ့ ဂိုဏ်းဖွဲ့ ရာဇ၀တ်မှုတွေနဲ့ လူသတ်မှုအဖွဲ့ရဲ့ ဦးဆောင်ရှေ့နေ ဟက်တာ ဘာရိုးစ် ကတော့ ဒီရာဇ၀တ်မှုကို ဗင်နီဇွဲလားမှ အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး အမှုသဘာဝအရ နိုင်ငံရေးကိစ္စ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဒီလူသတ်မှုအတွက် လက်တင်အမေရိကတခွင် ပျံ့နှံ့နေတဲ့ ဗင်နီဇွဲလားအကျဉ်းထောင်ဂိုဏ်း ထရန်ဒီ အာရာဂွာ ဂိုဏ်းမှာ တာဝန်ရှိနေတယ် လို့လည်း ဘာရိုးစ်က ပြောပါတယ်။ ချီလီရဲတပ်ဖွဲ့ ဟာ ဒီရာဇ၀တ်မှုအတွက် အသက် ၁၇ နှစ်အရွယ် ဗင်နီဇွဲလားနိုင်ငံသား တဦးကို ဖမ်းဆီး ထားပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013