DVB Logo
Home
နိုင်ငံတကာ
တောင်ကိုရီးယား လွှတ်တော်ရွေးကောက်ပွဲတွင် အတိုက်အခံပါတီက အပြတ်အသတ်အနိုင်ရ
DVB
·
April 12, 2024
တောင်ကိုရီးယား လွှတ်တော်ရွေးကောက်ပွဲတွင် အတိုက်အခံပါတီက အပြတ်အသတ်အနိုင်ရ
Donate to DVB

တောင်ကိုရီးယားနိုင်ငံမှာ ဧပြီ ၁၀ ရက်က ကျင်းပတဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ လစ်ဘရယ် အတိုက်အခံပါတီတွေက အပြတ်အသတ် အနိုင်ရသွားပြီး သမ္မတ ယွန်းဆွတ်ခ်ယိုးနဲ့ သူ့ရဲ့ ကွန်ဆာဗေးတစ်ပါတီကို အကြီးအကျယ် ထိုးနှက်နိုင်ခဲ့ပါတယ်။

သမ္မတ ယွန်းကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ DP ပါတီခေါင်းဆောင် အီဂျယ်မြောင်က မဲဆန္ဒရှင်တွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

“ရွေးကောက်ပွဲရလဒ်ဟာ ဒီမိုကရက်တစ်ပါတီအတွက် အောင်ပွဲမဟုတ်ဘဲ ပြည်သူတွေအတွက် ကြီးကျယ်တဲ့ အောင်ပွဲဖြစ်ပြီး ပြည်သူ့ဆန္ဒမဲတခုစီမှာ ပါရှိတဲ့ အဖိုးတန် အဓိပ္ပာယ်ကို အတတ်နိုင်ဆုံး လေးစားလိုက်နာသွားမယ်” လို့ ပြောသွားပါတယ်။

တချိန်တည်းမှာပဲ အာဏာရ PPP ပါတီခေါင်းဆောင် ဟန်ဒုံဟွန်း ကလည်း ပြည်သူတွေရဲ့ ဆန္ဒကို လေးလေးနက်နက်လက်ခံပြီး ရွေးကောက်ပွဲရလဒ်အတွက် အပြည့်အဝ တာဝန်ယူပြီး ရာထူးက ဆင်းပေးမယ်လို့ ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ် ဟန်ဒုက်ဆူနဲ့ တခြား အကြီးတန်း လက်ထောက်တွေကလည်း ရာထူးကနေ နုတ်ထွက်ဖို့ ကမ်းလှမ်းခဲ့ကြောင်း ယွန်ဟက်ပ်သတင်းက ဖော်ပြပါတယ်။

ဒီမိုကရက်တစ်ပါတီ (DP) ဟာ လွှတ်တော်သစ်မှာ အမတ်နေရာ ၃၀၀ ထဲက ၁၇၅ နေရာ ရယူဖို့ ခန့်မှန်းထားကြောင်း အမျိုးသားရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။

DP နဲ့ မဟာမိတ်အဖြစ် ယူဆထားတဲ့ ခွဲထွက် လစ်ဘရယ်ပါတီက အမတ်နေရာ ၁၂ နေရာယူဖို့ မျှော်လင့်ထားကြောင်း ခန့်မှန်းချက်တွေ ထွက်လာတာကြောင့် စူပါလူအများစုကြီးအတွက် လိုအပ်တဲ့ ထိုင်ခုံ ၂၀၀ ကို မပြည့်မီတော့ပဲ ရှိနေမှာပါ။

သမ္မတ ယွန်းရဲ့ ပြည်သူ့အာဏာပါတီ (PPP) ဟာ အမတ်နေရာ ၁၀၈ နေရာ အနိုင်ရဖို့ သတ်မှတ်ထားခဲ့ပါတယ်။

အင်ချွန်း အမျိုးသားတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ အီဂျွန်းဟန် ကတော့ ဒီရွေးကောက်ပွဲကို ကြားဖြတ်ရွေးကောက်ပွဲလို့ ရှုမြင်ကြောင်းနဲ့ အစိုးရရဲ့ စီးပွားရေး မူဝါဒတွေ ပျက်ကွက်ကြောင်း မက်ဆေ့ချ်ပေးခဲ့တဲ့ မဲဆန္ဒရှင်တွေရဲ့ အဆုံးအဖြတ်ကို ရောင်ပြန်ဟပ်တဲ့ ရွေးကောက်ပွဲတခုဖြစ်ကြောင်း ပြောသွားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013