DVB Logo
Home
အားကစား
ဘိုင်ယန်ကြယ်ပွင့် မူစီယာလာကို လက်ဦးမှုရယူနိုင်ရန် မန်စီးတီးကြိုးပမ်း
DVB
·
April 12, 2024
ဘိုင်ယန်ကြယ်ပွင့် မူစီယာလာကို လက်ဦးမှုရယူနိုင်ရန် မန်စီးတီးကြိုးပမ်း
Donate to DVB

မန်စီးတီးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းက ဂျာမနီကွင်းလယ်ကြယ်ပွင့် မူစီယာလာကို လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေ ပါတယ်။

မန်စီးတီးအသင်းဟာ တိုက်စစ်မှူးရဲ့ နောက်မှာ ကစားနိုင်မယ့် ကွင်းလယ်တိုက်စစ်ကစားသမားတဦး ခေါ်ယူဖို့ ဆန္ဒရှိနေပြီး ဘိုင်ယန်ကြယ်ပွင့် မူစီယာလာက နံပါတ်တစ်ပစ်မှတ် ဖြစ်လာခဲ့တာပါ။

အသက် ၂၁ နှစ်ပဲရှိသေးတဲ့ မူစီယာလာဟာအနာဂတ်မှာ ထွန်းတောက်လာမယ့် ကစားသမားအဖြစ်သတ်မှတ်ခံထားရပြီး ဘိုင်ယန်အသင်းမှာ ခြေစွမ်းပြနေသူပါ။

သူဟာ အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး မန်စီးတီးအပါအဝင်၊ လီဗာပူး၊ ပီအက်စ်ဂျီ၊ ဘာစီလိုနာအစရှိတဲ့အသင်းတွေကလည်း ခေါ်ယူဖို့ စောင့်ကြည့်နေတာပါ။

မန်စီးတီးအသင်းဟာ ပြိုင်ဘက်အသင်းတွေထက် လက်ဦးမှုရယူနိုင်ဖို့အတွက် စတင်လှုပ်ရှားမှုတွေလုပ်ဆောင်ခဲ့တယ်လို့ Independent  သတင်းမှာ ဖော်ပြပါတယ်။

လန်ဒန်မှာကြီးပြင်းခဲ့သူ မူစီယာလာဟာ ချဲလ်ဆီးအကယ်ဒမီထွက်ကစားသမားတဦး ဖြစ်ပြီး သက်တမ်းအလိုက် အင်္ဂလန်လက်ရွေးစင်အသင်းတွေမှာ ကိုယ်စားပြုကစားခဲ့ဖူးပါတယ်။ အဲဒီနောက် ၂၀၂၀ ပြည့်နှစ်ကမှ ဂျာမနီအသင်းကို ကိုယ်စားပြု ကစားခဲ့တာဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013