DVB Logo
Home
မြန်မာသတင်း
ထိုင်းကို ထွက်ပြေးလာသည့် မြန်မာဒုက္ခသည်အားလုံးကို အကာကွယ်ပေးရန် HRW တောင်းဆို
DVB
·
April 11, 2024
ထိုင်းကို ထွက်ပြေးလာသည့် မြန်မာဒုက္ခသည်အားလုံးကို အကာကွယ်ပေးရန် HRW တောင်းဆို
Donate to DVB

ထိုင်းအစိုးရက ထိန်းသိမ်းထားတဲ့ နိုင်ငံမဲ့ ကလေးသူငယ် ၁၉ ဦးကို မြန်မာဘက်ကို ပြည်နှင်ဒဏ်မပေးတော့ကြောင်း ဆုံးဖြတ်ခဲ့သလို မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်အားလုံးကို အကာအကွယ်ပေးဖို့  လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ HRW အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ အလယ်ပိုင်း၊ လော့ပ်ဘူရီက ဖောင်ဒေးရှင်းက စောင့်ရှောက်ပညာသင်ပေးထားတဲ့ အသက် ၅ နှစ်ကနေ ၁၇ နှစ်ကြားအရွယ် ကလေးငယ် ၁၉ ဦးကို အထောက်အထား မရှိဘူးဆိုပြီး ထိုင်းအစိုးရက ပြီးခဲ့တဲ့ မတ် ၁၂ ရက်မှာ ခေါ်ဆောင် ထိန်းသိမ်းခဲ့တာပါ။

အဲဒီနောက်မှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းပါလီမန်အဖွဲ့ဝင်တွေ၊ ကလေးသူငယ်အရေး တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီးနောက်မှာ ထိုင်းအစိုးရရဲ့ ထိုင်းလူမှုဖွံ့ဖြိုးရေးနဲ့ လူသားလုံခြုံရေးဝန်ကြီး ဗရာဝပ် ဆီလ်ပါအာချာက သူတို့ကို နေရပ်ပြန်ပို့တော့မှာမဟုတ်ဘဲ ထိုင်းနိုင်ငံမှာရောက်နေတဲ့ ဘယ်ကလေးမဆို နိုင်ငံလူမျိုးမခွဲဘဲ စောင့်ရှောက်မှာဖြစ်ကာ သူတို့ကို မူရင်းနေရပ်ဆီ ပြန်ပို့ရမယ်ဆိုတာ မူဝါဒမရှိဘူးလို့ ပြောခဲ့တာပါ။

HRW အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒါရိုက်တာ အယ်လိန်း ပီရာဆန်က “ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံက ကလေး ၁၉ ယောက်ကို ထိုင်းနိုင်ငံမှာ ဆက်လက်နေထိုင်ခွင့်ပြုခြင်းနဲ့ စာနာနားလည်ကြောင်း ပြသခဲ့ပါတယ်။ နောက်တဆင့်အနေနဲ့ကတော့ အစိုးရအနေနဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့သူတွေ အားလုံးကို ထိုင်းနိုင်ငံမှာ အကာအကွယ် ပေးနိုင်အောင် အာမခံပေးဖို့ လိုပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကနေ စစ်ဘေးရှောင်လာကြမယ့် စစ်ဘေးဒုက္ခသည် ၁ သိန်းလောက်ကို ယာယီလက်ခံဖို့ ပြင်ဆင်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပမ်ပရီ ဖဟိဒါနုကွန်းက ဧပြီ ၉ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေအကြား ပြင်းထန်တဲ့တိုက်ပွဲ ဖြစ်နေချိန် ပြောဆိုလိုက်တာပါ။

အယ်လိန်း ပီရာဆန်က “မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ ယိုယွင်းလာနေတယ်ဆိုတဲ့ အဓိပ္ပာယ်က မကြာမီကာလအတွင်းမှာ ထိုင်းနိုင်ငံက ဒုက္ခသည်တွေ အများအပြား လက်ခံသွားရဖို့ ရှိနေတယ်လို့ ဆိုလိုတာပါ။ ထိုင်းအစိုးရက ဒုက္ခသည်တွေကို ဘေးအန္တရာယ် မဖြစ်စေဖို့ အာမခံပေးသင့်ပြီးတော့ ဒီလိုအကာအကွယ်ပေးဖို့ သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ ထိုင်းနိုင်ငံကို ထောက်ပံ့ဖို့ ပြင်ဆင်ထားသင့်ပါတယ်” လို့ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကတည်းက စစ်အုပ်စုရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ မတရားဖမ်းဆီးတာ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကြောင့် လူ ၂ သန်းကျော် ပြည်တွင်းနေရပ် စွန့်ခွာထွက်ပြေးခဲ့ရပြီး ဒုက္ခသည် ၁၀၉,၀၀၀ ကျော်ဟာ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013