DVB Logo
Home
နိုင်ငံတကာ
မစ်ရှီဂန်ပြည်နယ် ကျောင်းတွင်းပစ်ခတ်မှု ကျူးလွန်သူ၏ မိဘ ထောင်ဒဏ်ချမှတ်ခံရ
DVB
·
April 10, 2024
မစ်ရှီဂန်ပြည်နယ် ကျောင်းတွင်းပစ်ခတ်မှု ကျူးလွန်သူ၏ မိဘ ထောင်ဒဏ်ချမှတ်ခံရ
Donate to DVB

အမေရိကန်နိုင်ငံ မစ်ရှီဂန်ပြည်နယ်က ကျောင်းတွင်းပစ်ခတ်မှုမှာ အတန်းဖော် ၄ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဆယ်ကျော်သက်တဦးရဲ့ အဖေနဲ့အမေကို တရားသူကြီးတွေက လူသတ်မှု ကျူးလွန်ကြောင်း စီရင်ချက်ချပြီးတဲ့နောက် ဧပြီ ၉ ရက်မှာ ထောင်ဒဏ် ၁၀ နှစ်ကနေ ၁၅ နှစ်အထိ အသီးသီး ချမှတ်ခဲ့ပါတယ်။

အီသန် ခရမ်ဘလေရဲ့ မိဘတွေဖြစ်တဲ့ ဂျန်နိဖာနဲ့ ဂျိမ်းစ် ခရမ်ဘလေတို့ဟာ လူသေမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိတယ်လို့ ရှားရှားပါးပါး ဆုံးဖြတ်ခဲ့တာပါ။

သေဆုံးသူတွေရဲ့ မိဘတွေက မစ်ရှီဂန်ပြည်နယ်၊ ပွန်တိယက်မြို့ အုတ်ခ်လန်းမြို့နယ် တရားရုံးမှာ စိတ်လှုပ်ရှားရင်း ထွက်ဆိုချက်ပေးပြီးတဲ့နောက် ချက်ချင်းပဲ ခုလို စီရင်ချက်ချခဲ့တာပါ။

စီရင်ချက်မချမီ တရားရုံးဆီ မှတ်ချက်ပေးရာမှာ အသက် ၄၆ နှစ်အရွယ် ဂျန်နီဖာ ခရမ်ဘလေက အလေးအနက်ဆုံး ဝမ်းနည်းတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး သူ့ရဲ့သားက လူသတ်နိုင်စွမ်းရှိတယ်ဆိုတဲ့ အရိပ်အခြေတောင် မရှိဘူးလို့ ပြောခဲ့တာပါ။

အသက် ၄၇ နှစ်အရွယ် ခင်ပွန်းဖြစ်သူကလည်း “ကျနော့်သားရဲ့ လုပ်ရပ်ကြောင့် ခင်ဗျားတို့ရဲ့ ဆုံးရှုံးမှုအတွက် တောင်းပန်ပါတယ်” လို့ တရားရုံးမှာ ပြောခဲ့ပါတယ်။

မိဘ ၂ ပါးစလုံးကို စစ်မေးခဲ့တဲ့ အစိုးရရှေ့နေတွေက မိဘတွေဟာ သူတို့သားအတွက် ခရစ္စမတ်လက်ဆောင်အဖြစ် ၉မမ semi-automatic ပစ္စတိုတလက်ကို ပေးခဲ့တာဟာ ရာဇဝတ်မှုမြောက်တဲ့ ပေါ့ဆမှုလို့ ပြောပါတယ်။

သူတို့ရဲ့သားမှာ စိတ်ကျန်းမာရေး အခြေအနေ ဆိုးရွားနေပြီး ကြမ်းတမ်းနိုင်ချေရှိတဲ့ လက္ခဏာတွေကို လျစ်လျူရှုခဲ့တယ်လို့လည်း ပြောပါတယ်။

မိဘတွေဘက်က ရှေ့နေအဖွဲ့တွေကတော့ တခြားအချက်တွေကြောင့် မိဘတွေဟာ သားဖြစ်သူက အစုလိုက်အပြုံလိုက် ပစ်ခတ်နိုင်မလားဆိုတာ မှန်းဆဖို့ မဖြစ်နိုင်ဘူးလို့ လျှောက်လဲ ငြင်းခုံခဲ့ကြပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013